ဒီဇာတ်ကားလေးကတော့ တရုတ် Horror ဇာတ်ကားလေး ဖြစ်ပြီးတော့ တခြားအထွေအထူး ပြောစရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားက ကျွန်တော် ပြောပြလိုက်ရင် ကြည့်ရသူအဖို့ ပေါ့သွားမှာ စိုးလို့ပါ။ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကို ကောင်းလားမေးရင် အတော်ကောင်းတယ်လို့ ဖြေမိမှာပါ။ Horror ကားတွေကြိုက်တဲ့သူတွေ အတွက်တော့ အတိုင်းထက်အလွန်ပေါ့။ ဇာတ်ကားက အစပိုင်းတော့ နည်းနည်းရှုပ်ကောင်း ရှုပ်နေပေမယ့် နောက်ပိုင်းရောက်လာတာနဲ့ အမျှ ရင်တထိတ်ထိတ်နဲ့ အော်… အဲ့လိုပါ့လား ဆိုပြီး စုတ်တသပ်သပ် ဖြစ်ရမယ့် ဇာတ်ကားပါ။ ဇာတ်ကားအစမှာ ထိတ်လန့်ခြင်းကို ခံစားရမယ်၊ ဇာတ်ကား အလယ်လောက်မှာ ဒေါသထွက်ခြင်းကို ခံစားရမယ်၊ ဇာတ်ကားအဆုံးမှာတော့ ဝမ်းနည်းခြင်းကို ခံစားရမယ်။ အဲ့တော့ ကျွန်တော် ပြောချင်တာက အဲ့လို့ ရသတွေကို တစ်ပြိုင်တည်း ခံစားချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ရှုခံစားလိုက်ပါ။ တစ်ခုပြောချင်တာက ဒီဇာတ်ကားကို ညဘက်မှာ ကြည့်ပါ၊ Horror ရဲ့ ရသကို အပြည့်အဝ ခံစားရပါလိမ့်မယ်