
မိဘမရှိဘဲနဲ့ ဉာဏ်ရည်မပြည့်တဲ့ ညီမလေးကို တစ်ယောက်တည်း စောင့်ရှောက်ရင်း ညီအစ်မနှစ်ယောက် တွေ့ကြုံရတဲ့ ဒုက္ခတွေ၊ လူတွေရဲ့ လူသားမဆန်မှုတွေနဲ့ ကိုယ့်ကိစ္စမဟုတ်ရင် အရေးမကြီးဘူးဆိုတဲ့ လူလောကထဲမှာ ဖြစ်ပျက်တတ်တဲ့ အရာလေးတွေကို ပညာသားပါပါ ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားနိုင်ငံမှာ အဖြစ်များတတ်တဲ့ ကျောင်းသူ ကျောင်းသားချင်း အနိုင်ကျင့်မှုတွေနဲ့ အရွယ်ရောက်ခါစ ကလေးတွေကို အသုံးချပြီး ကိုယ်ကျိုးရှာတတ်တဲ့ ဖြစ်ရပ်တွေအကြောင်း အမိုက်စား အက်ရှင်ခန်းတွေနဲ့ တွဲဖက်ရိုက်ကူးပေးထားပါတယ်။ အစ်မဖြစ်သူနေရာကိုလည်း အက်ရှင်ပိုင်းမှာ ပိုင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ လီရှီယောင်း ပါဝင်သရုပ်ဆောင်ထားတာမလို့ အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေ တကယ်ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။