
ဒီတစ်ခါမှာတော့ ရွှေပန်းသီးပရိသတ်တွေအတွက် ခရစ်စမတ်အငွေ့အသက်တွေ အပြည့်အဝရစေမယ့် November 6, 2021 က မှ ထွက်ရှိ ထားတဲ့ ခရစ်စမတ်ကားကောင်းလေးလာပါပြီ။ Rating 7.2 ရရှိထားပြီး မင်းသမီး Lyndsy Fonseca က အန်ဂျီအဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အန်ဂျီဟာ မိသားစုအတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်တွေများနေပြီး ခရစ်စမတ် အားလပ်ရက်မှာတောင် အိမ်ပြန်ဖို့အစီအစဉ်မရှိပါဘူး။ ဂျူတီဆင်းဖို့ တခြားမြို့ကိုသွားမယ့် ရထားပေါ်တက်လိုက်တဲ့ အခါမှာတော့ ခရစ်စမတ်ရဲ့ မှောင်အစွမ်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကအချိန်တွေဆီ ပြန်ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိအချိန်ကို ပြန်လာဖို့ဆိုရင် အတိတ်က အဆင်မပြေခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှရမှာပါ။ မဟုတ်ရင်တော့ အဲဒီမှာပဲ တစ်သက်လုံးပိတ်မိနေမှာဖြစ်ပါတယ်။ အန်ဂျီတစ်ယောက် လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်သွားတဲ့အခါ သူအရင်ကမမြင်နိုင်ခဲ့တဲ့ မိသားစုရဲ့တန်ဖိုးတွေ၊ ညီအစ်မချင်း စိတ်ဝမ်းကွဲနေမှုတွေ၊ ကိုယ့်ဘေး နားက ချစ်သူကို ငြင်းဆန်နေမိတာတွေကို ဘယ်လိုအဆင်ပြေအောင် ဖြေရှင်းမလဲ ဘာတွေပြောင်းလဲသွားမလဲ အတိတ်ကနေ လက်ရှိအချိန်ကို ရော ပြန်လာနိုင်မှာလား ဆိုတာ စိတ်ဝင်စားဖွယ်ခံစားကြည့်ရှုလိုက်ကြပါဦး။