
အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၂၁ ခုနှစ်ကမှထွက်ရှိထားတဲ့ crime/thriller ဇာတ်ကားလေး Netrikannဆိုတဲ့ အိန္ဒိယကားလေး ဖြစ်ပါတယ် သူကတော့ ၂၀၀၁ ခုနှစ်ကထွက်ရှိထားတဲ့ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကား Blind ကိုတစ်ဖန်ပြန်လည်ပြီး ရိုက်ကူးထားတာပါ netrikann ကိုမြန်မာလိုဘာသာပြန်ရင်တော့ တတိယမျက်လုံးလို့အဓိပ္ပာယ်ရပါတယ် ဒူဂါဟာ စီဘီအိုင်အရာရှိဖြစ်ပြီး အက်စီးဒင့်တစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရတဲ့အပြင် မောင်လေးကိုပါ ဆုံးရှုံးခဲ့ရပါတယ် ရဲအရာရှိအလုပ်ကိုလည်းရပ်နားခံလိုက်ရပါတယ် တစ်ညမှာတော့ ဒူဂါဟာ တက္ကစီကားခေါ်ရင်း သူစီးလာတဲ့ကားဟာ လူကိုတိုက်ပြီးထွက်ပြေးသွားတယ်လို့ထင်တာကြောင့် ရဲစခန်းကိုအသိသက်သေအနေနဲ့ ထွက်ဆိုခဲ့ပါတယ် ဒူဂါရဲ့ထွက်ဆိုချက်ကိုယူရတဲ့သူကတော့ ဒုရဲအုပ်မန်နီကာဒန်ပါ အစကတော့မန်နီကာဒန်က ဒူဂါဟာမျက်မမြင်တစ်ဦး ဖြစ်တဲ့အတွက် သူ့ထွက်ဆိုချက်တွေကိုအလေးမထားခဲ့ပေမယ့် ဒူဂါရဲ့မယုံနိုင်စရာကောင်းတဲ့ဆဌမအာရုံခံစားမှုတွေကိုသိပြီး တရားခံကိုဖမ်းဖို့ လုပ်ခဲ့ပါတယ် သူတို့စုံစမ်းနေချိန်မှာပဲ ဒုတိယမျက်မြင်သက်သေပေါ်လာခဲ့ပါတယ် သူကတော့ ပစ္စည်းပို့သမားလေး ဂေါ်သန်ပါ ဂေါ်သန်က ဒူဂါစီးခဲ့တဲ့ကားဟာ တက္ကစီကားမဟုတ်ပဲ အိမ်စီးအနက်ရောင်ကားဆိုတာပြောပြခဲ့ပေမယ့်မန်နီကာဒန်က မယုံပေးခဲ့ပါဘူး မန်နီကာဒန်နဲ့ဒူဂါဟာ နှစ်ယောက်ပေါင်းပြီး ဒူဂါကြားခဲ့ရတဲ့အသံနဲ့တူတဲ့ တက္ကစီသမားကိုလိုက်ရှာခဲ့ပေမယ့်မတွေ့ခဲ့ပါဘူး အဲဒီအချိန်မှာမှ ဒူဂါဟာဂေါ်သန်ပြောတာ မှန်နေလောက်ကြောင်း တွေးမိပြီး ဂေါ်သန်ကိုဖုန်းဆက်ခဲ့ပါတယ် ဒူဂါစီးခဲ့တဲ့ကားပေါ်ကလူကတော့ ဂေါ်သန်နောက်လိုက်ပြီး သတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဂေါ်သန်ကိုဆေးရုံမှာစောင့်ပေးရင်း မန်နီကာဒန်နဲ့ဒူဂါတို့ဟာ သူတို့လိုက်နေတဲ့တရားခံဟာ မြို့ထဲမှာ ပြန်ပေးဆွဲခံရပြီး ပျောက်နေတဲ့ ကောင်မလေးတွေ အမှုရဲ့တရားခံပဲဖြစ်ကြောင်း သိခဲ့ရပါတယ် မန်နီကာဒန်ရယ် ဂေါ်သန်ရယ်ဒူဂါတို့ပေါင်းပြီး အမှုကိုစလိုက်ကြည့်တော့ တရားခံဟာ သားဖွားမီးယပ်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဂျိမ်းစ်ဒီနန်ဖြစ်ပြီး နစ်နာသူများဟာ သူ့ဆီကလေး ဖျက်ချဖို့လာကြတဲ့ ကောင်မလေးတွေ ဖြစ်ကြောင်း ရိပ်မိပြီး ထောင်ချောက်ဆင်ဖမ်းဖို့လုပ်ခဲ့ပါတယ် ကောင်မလေးတွေကိုဘာကြောင့် ဂျိမ်းစ်က ပြန်ပေးဆွဲရတာလဲ? သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုလဲ? ဒူဂါတို့ကရော ဂျိမ်းစ်းကိုလွယ်လွယ်ဖမ်းလို့ရပါ့မလားဆိုတာတော့ ဇာတ်ကား ထဲမှာပဲ ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ ပါဝင်တဲ့ မင်းသားမင်းသမီးတွေကလည်း ပီပြင်စွာသရုပ်ဆောင်ထားကြတဲ့အတွက် မဖြစ်မနေကြည့်ရှု သင့်တဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပါ IMDb rating ကတော့ 6/10 ရရှိထားပါတယ်