
ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ဖြတ်သန်းလာတဲ့ ၂၅နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေး ဂယောင်းဝူ အမြင်မတော်တာတွေမြင်ရင် မနေနိုင် မထိုင်နိုင်ဝင်စွက်ဖက်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ရထားပေါ်မှာ အမှတ်မထင်ပဲ ကံကြမ္မာကို သူ့တိုကိုတွေ့ဆုံဖို ဖန်တီး ပေးလိုက် ပါတယ် အပျော်အပါးတွေမက်လွန်းလို အမေရဲ့ အထုအထောင်းအမြဲခံရတဲ့ကောင်လေးတစ်ယောက် ဇွတ်တရွတ်နိုင်တဲ့ ကောင်မလေးနဲ့တွေ့မိတဲ့ အခါမှာတော့ ဘယ်လိုတွေများ ခရီးဆက်ကြမလဲ သူတိုနှစ်ဦးတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဒီအချစ်ဟာသ ဇာတ်လမ်း လေးကိုကြည့်ရင်း သူတိုနဲ့အတူ စီးမျောလိုက်ကြရအောင်