
ဒီတစ်ခါရွှေပန်းသီးပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးချင်တာကတော့ စတူဒီယို Ghibli လက်ရာ My Neighbor Tototo ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မြို့ဟောင်းလေးတစ်မြို့ဆီ စဆုကီဆိုတဲ့ကောင်မလေးဟာ အဖေဖြစ်သူရယ် ညီမဖြစ်သူရယ်နဲ့အတူ အိမ်ပြောင်းလာပါတယ်။ တစ်နေ့ သူကကျောင်းသွားပြီး အဖေဖြစ်သူကအလုပ်လုပ်နေစဉ် သူ့ညီမလေး မဲအိက လျှောက်ပြေးဆော့ရင်း အမွေးပွပွ အကောင်ကြီးကြီးနဲ့ တိုတိုရိုလို့ခေါ်တဲ့အကောင်ကြီးကိုတွေ့တယ်ဆိုပြီး သူ့အစ်မနဲ့ သူ့အဖေကိုသွားပြောပါတယ်။ ဆိုပေမဲ့လည်း ကလေးစကားဆိုတော့ ထင်ယောင်ထင်မှားလို့ထင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စဆုကီရဲ့အဖေအိမ်ပြန်နောက်ကျလို့ အဖေဖြစ်သူကိုသွားကြိုရင်း တိုတိုရိုဆိုတဲ့အကောင်ကြီးနဲ့ သူ့ရဲ့ကြောင်ပုံစံနဲ့ ကားလိုစီးတော်ယာဉ်ကြီးကိုတွေ့ပြီးမှ စဆုကီလည်းယုံသွားပါတော့တယ်။ အဲ့ဒီ တိုတိုရိုဆိုတဲ့အကောင်ကြီးဟာ ဘာကောင်ကြီးလဲ။ လူတွေကို အကူအညီပေးတဲ့သတ္တဝါလား ဘေးအန္တရာယ်ပေးတဲ့သတ္တဝါကြီးလား။ စဆုကီတို့မိသားစုကရော သူ့ရဲ့အိမ်နီးချင်းတွေအဖြစ်နဲ့ ဘယ်လိုသက်ရောက်မှုမျိုးတွေရှိမလဲ၊ ဘယ်လိုအတွေ့အကြုံမျိုးတွေ တွေ့ကြုံရမလဲဆိုတာကိုကတော့ ဇာတ်ကားထဲမှာသွားရောက်ရှုစားပေးကြပါဗျ။