
Mulan (မြန်မာစာတန်းထိုး)
2020 ‧ Action/Adventure ‧ 2 hours
Translate & Script =chichi
xxxxxxxxxxxxxxxxxxxx
Mulan 2020 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Walt Disney ရဲ့ Mulan ကာတွန်းဇာတ်ကားကို လူနဲ့ပြန်လည်အသက်သွင်းပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လူကြိုက်များတဲ့ ကာတွန်းဇာတ်ကောင်ဖြစ်တာကြောင့် လူအများစုကလည်း ဒီ 2020 မှာထွက်ရှိမယ့် ဇာတ်ကားကို မျှော်လင့်စောင့်စားနေခဲ့ကြတာပါ။ ဒီကားမှာတော့ မူလန်အနေနဲ့ ဂူးဂူး လို့အများသိကြတဲ့ မင်းသမီးချောလေး Liu Yifei က ပါဝင်ထားပြီး မင်းသားကြီးဂျက်လီ ၊ Gong Li နဲ့ တခြားနာမည်ကြီး သရုပ်ဆောင်တွေ ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ မူရင်းဇာတ်ကားကနေ အနည်းငယ်ကွဲထွက်ထားပြီး တစ်မျိုးဆန်းသစ်ထားတာကလည်း လူတိုင်းစောင့်ကြည့်သင့်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ စက်တင်ဘာလ 4 ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် ဒီမူလန် ဇာတ်ကားကရော ပရိသတ်တွေ ရင်ထဲဘယ်လိုထိုးဖောက်နိုင်ဦးမလဲဆိုတာကို ဆက်လက်စောင့်မျှော်ပေးကြပါဦး။