
ဒီကားလေးကတော့ Mr. Vampire ရဲ့ လေးကားမြောက်ဇာတ်ကားလေး ဖြစ်ပြီးတော့ အားလုံးထဲမှာ အရယ်ရဆုံး ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ တစ်ကားလုံး ရယ်နေရပြီးတော့ ထိုင်ရာက မထိုင်ချင်လောက်အောင်ကို ကောင်းတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကတော့ ရှေ့ကားတွေက သရဲနိုင်ဆရာကြီးမပါဘဲ ဘုန်းကြီးနဲ့နတ်ဆရာနဲ့ကို အဓိကထားပြီး ဇာတ်လမ်းတည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတော့ ဟိုးမြို့စွန်လေး တစ်နေရာမှာ အိမ်လေးနှစ်လုံးပဲ ရှိပါတယ်။ တစ်လုံးက အပေါက်ဆိုးဆိုး နတ်ဆရာနဲ့သူတပည့်နေတဲ့ အိမ်ဖြစ်ပြီး နောက်တစ်လုံးက ဘုန်းကြီးနဲ့ သူ အသစ်ရလာတဲ့ တပည့်မတို့နေတဲ့ အိမ်ပဲဖြစ်ပါတယ်။ ပြောရရင် ဘုန်းကြီးနဲ့ နတ်ဆရာက မတည့်အတူနေ မမြင်ချောင်းကြည့် တကျက်ကျက်ရန်ဖြစ်နေတဲ့အတွဲပါ။ တစ်နေ့တော့ နတ်ဆရာရဲ့ ဂိုဏ်းတူညီက ရှေ့တန်းက သယ်လာတဲ့ တော်ဝင်မျိုးနွယ် အလောင်းကို သယ်ရင်း သူတို့အိမ်ရှေ့က ဖြတ်သွားပါတော့တယ်။ ခက်တာက အလောင်းဟာ ဖုတ်ကောင်ဖြစ်နေတာပါပဲ။ အဲ့မှာ မိုးခြိမ်းတွေ မိုးတွေရွာရင်း ဖုတ်ကောင်က လွတ်သွားပါတော့တယ်။ အဲ့မှာ ဖုတ်ကောင်တွေက သူတို့ဆရာတပည့်တွေဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါ တော့တယ်။ ဖုတ်ကောင်တွေက ဘယ်လိုတွေဒုက္ခပေးပြီး သူတို့တွေ ဘယ်လိုတွေတလွဲတွေလုပ်ပြီး ဘယ်လိုတွေအူတက်အောင် ရယ်မော ရမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး..
Mr.Vampire Movies List | Link |
---|---|
Mr.Vampire (1985) | Click Here |
Mr.Vampire II (1986) | Click Here |
Mr.Vampire III (1987) | Click Here |
Mr.Vampire Saga 4 (1988) | Click Here |
Vampire vs Vampire (1989) | Click Here |
Magic Cop (1990) | Click Here |
The Musical Vampire (1992) | Click Here |
Good job