
ဒီဇာတ်ကားလေးကတော့ Mr. Vampire ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ထုံးစံအတိုင်း ရှေ့တစ်ကားလိုပဲ ဖုတ်ကောင်တွေကို လိုက် နှိမ်နင်းတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ရှေ့က တစ်ကားနဲ့တော့ နည်းနည်းလေး ခွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်း ပြောရရင်ဖြင့် ပါမောက္ခတစ်ယောက်နဲ့သူ့တပည့် နှစ်ယောက်တို့ဟာ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာရင်း ချင်ခေတ်က ဖုတ်ကောင် သုံးကောင်ကို တွေ့သွားပါတယ်။ သူတို့သုံးယောက်ကလည်း ပိုက်ဆံမက်သူတွေဖြစ်တဲ့အလျောက် အဲ့ဖုတ်ကောင်တွေကို ရောင်းစားဖို့ သယ်သွား ပါတော့တယ်။ အဲ့နောက်မှာ သူတို့နဖူးမှာ ကပ်ထားတဲ့ စာရွက်တွေကို သွားခွာမိပြီး ဘယ်လိုပြဿနာတွေ တသီတတန်းကြီးတက်ဦးမလဲ ဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး။ ရှေ့ကကားနဲ့မတူတဲ့ အချက်ကတော့ ဒီဇာတ်ကားမှာ ကလေးတွေရဲ့ချစ်စရာသရုပ်ဆောင် ဟန်လေး တွေကို တွေ့ရမယ့်အပြင် ကလေး ဖုတ်ကောင်လေးကိုပါ ချစ်စဖွယ် မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ရဲ့ သရဲနိုင်ဆရာကြီးကတော့ အဲ့ဒီဖုတ်ကောင် တွေကို ထုံးစံအတိုင်း သဲကြီးမဲကြီးနဲ့ လိုက်နှိမ်နင်းတာကို တွေ့ရမှာပါ။ တခြား မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး..
Mr.Vampire Movies List | Link |
---|---|
Mr.Vampire (1985) | Click Here |
Mr.Vampire II (1986) | Click Here |
Mr.Vampire III (1987) | Click Here |
Mr.Vampire Saga 4 (1988) | Click Here |
Vampire vs Vampire (1989) | Click Here |
Magic Cop (1990) | Click Here |
The Musical Vampire (1992) | Click Here |