
ဒီနေ့မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်၊ ကိုရီးယား နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ကိုရီးယား-တရုတ်ဖက်စပ် ကားလေးဖြစ်ပါတယ် ငယ်ငယ်တည်းက အတူစားအတူသွားအတူအိပ်ခဲ့ကြတဲ့ မျောက်ဝံတစ်ကောင်နဲ့ လူသားကောင်မလေးအကြောင်းပါပဲ ဇာတ်လမ်းအမြည်းအနေနဲ့ကတော့ ဝေဝေဆိုတဲ့ ကောင်မလေးက ဆပ်ကပ်အဖွဲခေါင်းဆောင် အဖိုးဖြစ်သူနဲ့အတူ ဆပ်ကပ်ထဲကို ငယ်ငယ်ထဲက ရောက်လာပြီး လင်လင်ဆိုတဲ့ မျောက်ဝံနဲ့ တွေ့ဆုံခဲ့ပါတယ် ငယ်ငယ်တည်းက အမြဲအတူရှိခဲ့ကြတဲ့ သူတိုကြားက ဆက်နွယ်မှုကလည်း သာမန်တော့မဟုတ်ဘူးပေါ့ သခင်နဲ့တိရစ္ဆာန်ထက် သူတို့တွေက မောင်နှမမိသားစုတစ်ခုလိုပါပဲ ဝေဝေဆိုတဲ့ကလေးမလေးကလည်း လင်လင် ကို အမြဲလူစကားနားလည်အောင် သင်ကြားပေးခဲ့ပါတယ် လင်လင်ကလည်း အမြဲ ဝေဝေစကားကို နားထောင်လေ့ရှိပါတယ် ပြီးတော့ ဝေဝေ ဟာ ဘေ့စ်ဘောကို ကြိုက်တဲ့ ပရိတ်သတ်လေးတစ်ယောက်ပေါ့ အဲ့တော့ ငယ်ငယ်ထဲက လင်လင်နဲ့အတူ ဘေ့စ်ဘောကစားလေ့ရှိပြီး လင်လင် ကိုလည်း ဘေ့စ်ဘောကစားနည်းတွေ သင်ပေးခဲ့ပြီး ဘေ့စ်ဘောကစားသမားတစ်ယောက်အနေနဲ့တောင် လေ့ကျင့်ပေးခဲ့ပါတယ် ဒါပေမယ့် သူတိုဘဝလေးက အမြဲတော့ မအေးချမ်းနိုင်ဘူးပေါ့ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ အခက်အခဲတွေရော ကျော်လွှားနိုင်ပါ့မလား လူသားနဲ့ တိရစ္ဆာန်ကြား တကယ်ပဲ နားလည်မှု ရှိနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးမှာ ဆက်ကြည့်ရှူလိုက်ကြရအောင်