
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ အင်္ဂါဂြိုဟ်ရဲ့ကြားမှာ ကီလိုမီတာပေါင်း သန်း ၆၀ ဝန်းကျင် အကွာအဝေးရှိပါတယ်။ ၂၀၁၂ ခုနှစ်ရောက်တဲ့အထိ အမေရိကန်တို့၊ ရုရှားတို့လို အာကာသသိပ္ပံ ဖွံ့ဖြိုးပြီးနိုင်ငံတွေက မားစ်ဂြိုဟ်လို့ခေါ်တဲ့ အင်္ဂါဂြိုဟ်ကို ဂြိုဟ်တုလွှတ်ပြီး လေ့လာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ဒီ Mission Mangal ဆိုတဲ့ Blockbuster ရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံအနေနဲ့ မားစ်ဂြိုဟ်ထိ ရောက်အောင် ဂြိုဟ်တု ပို့လွှတ်နိုင်ဖို့အတွက် ပထမဆုံးအကြိမ်ကြိုးစားကြတဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ အနုပညာမြောက်အောင်ဖန်တီးထားတဲ့ ရုပ်ရှင်ကြီးပဲဖြစ်ပါတယ်။ ဒုံးပျံတွေ အာကာသတွေအကြောင်း ပါဝင်ပေမယ့် ဇာတ်အိမ်ခိုင်ပြီး ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကလည်း ဆွဲခေါ်သွားတာကြောင့် ပရိသတ်အနေနဲ့ လုံးဝမပျင်းရဘဲ မားစ်ဂြိုဟ်ထိ အရောက်သွားနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်ဗျ။ မင်းသားကြီး အရှေးကူးမားလည်း ပါဝင်ပြီး IMDB rating 6.5 ထိ ရထားတဲ့အတွက် သေချာပေါက် ကြည့်ရကျိုးနပ်စေမယ့်ရုပ်ရှင်ဖြစ်မှာပါ။