
ရွာကိုသွားတဲ့ကားလမ်းမရှိလိုရထားလမ်းက နေပဲသွားရတဲ့ရွာ လေးတစ်ရွာမှာနေတဲ့ ဂျွန်းဂယောင်းတို့မိသားစု မြစ်ကိုဖြတ်ထားတဲ့ ရထားလမ်း ကနေ ကူးနေချိန်ရထားလာရင် ရှောင်မရလို့ သေခဲ့ရတဲ့သူတွေအများကြီးပါ အဲ့ထဲမှာဂျွန်းဂယောင်းရဲ့အစ်မလည်း ပါခဲ့ပါတယ် အဲ့တာကြောင့် ဂျွန်းဂယောင်းဟာ မြစ်ကိုမဖြတ်ရဘဲ ရွာမှာဘဲရထားစီးနိုင်ဖို့အတွက် ရွာရဲ့ဘူတာဆောက်ဖို့ကို ငယ်စဥ်ကတည်းကစိတ်အားထက်သန်ခဲ့ပါတယ် ဘူတာဆောက်ပေးဖို့အတွက်သမ္မတကိုပါ စာတွေရေးခဲ့ပေမယ့် အဖက်လုပ်ခြင်းမခံရခဲ့ပါဘူး အထက်တန်းကျောင်း ရောက်လာချိန်မှာတော့ စိတ်ထားကောင်းပြီး ဂျွန်းဂယောင်းအပေါ် မေတ္တာရှိတဲ့ အမတ်ရဲ့သမီးနဲ့ရင်းနှီးပြီးချစ်သူတွေ ဖြစ်ရာကနေ ဆိုးလ်ကို ကျောင်းအတူတက်ဖို ခေါ်ခဲ့ပေမယ့် ဘူတာရုံကိုမဆောက်ပေးနိုင်သေးလို့လိုက်ဖို့ ငြင်းပြီးနေခဲ့ပါတယ် ဒီလိုကနေ နောက်ဆုံးကိုယ်ထူကိုယ်ထ ဘူတာရုံအထိပါ ဆောက်လို့ရခဲ့တဲ့ ဂျွန်းဂယောင်းဟာ ကြိုးစားခဲ့ပါတယ် စာလည်းတော်တဲ့အတွက် အမေရိကားအထိစာသွားသင်ဖို့ အခွင့်အရေးရလာခဲ့ပေမယ့် သူထွက်သွားရင်အစ်မဖြစ်သူရဲ့ဝိဥာဥ်နဲ့အတူ နေခွင့်မရတော့မှာစိုးရိမ်ပြီး အမေသေရတာ အစ်မသေရတာသူ့ကြောင့်ဆိုတဲ့ စိတ်နဲ့မသွားနိုင် ဖြစ်နေခဲ့ပါတယ် ဒါပေမယ့်ဖခင်ဖြစ်သူရဲ့ ဖျောင်းဖျမှု အစ်မဖြစ်သူဝိဥာဥ်ရဲ့ ဖျောင်းဖျမှုအဝေးရောက်ချစ်သူ ကောင်မလေးတို့ရဲ့ အားပေးမှုတို့ ကြောင့်စာမေးပွဲဖြေပြီး အမေရိကားအထိသွားခွင့်ရသွားပါတော့တယ် ဒီဇာတ်ကားလေးကတော့ မိသားစုကြားသံယောဇဥ်သေသွားပေမယ့် မောင်လေးကို စိတ်မပြတ်နိုင်တဲ့အစ်မနဲ့ အစ်မကို မမေ့နိုင်တဲ့ မောင်လေးတို့ရဲ့ မောင်နှမသံယောဇဥ်တို့ကိုအဓိကထားပြီး ကြည်နူးဖွယ် ရင်ထဲ ခံစားရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်