
ဒီ Midnight ဆိုတဲ့ ဇာတ်ကား လေးက တော့ thriller အမျိုးအစားကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါ။ စိတ္တဇလူသတ်သမားတစ်ယောက်က ညအချိန်မှာ လူတွေကို လိုက်သတ်လေ့ရှိပါတယ်။ လူသတ်သမားက ထောင့်စေ့လွန်းတာကြောင့် ရဲတွေ ရှေ့ရောက်တာတောင် အဖမ်းမခံခဲ့ရပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ ဂင်ဂရောင်မီဆိုတဲ့ စွန့်အနားမကြားတဲ့ ကောင်မလေး တစ်ယောက်ဟာ လူသတ်သမားရဲ့ အမှုထဲကို ဝင်ပါမိသွားပါတယ်။ ဂရောင်မီတစ်ယောက် လူသတ်သမားရန်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားရမလဲ။ စကားမပြောတတ်တဲ့ကြားထဲက ဘယ်လိုကြိုးစားပြီး အန္တရာယ်ကနေ လွန်မြောက်နိုင်မှာလားဆိုတာ တစ်ကားလုံးကို ဇာတ်ရှိန်ကျမသွားဘဲ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။