
Men in Black ရဲ့ လေးကားမြောက်လေးလာပါပြီ။ စိတ်မကောင်းစရာတစ်ခုကတော့ ရှေ့သုံးကားကိုရိုက်တဲ့ မင်းသား Will Smith နဲ့မဟုတ်တော့ပါဘူး။ ဒါပေမယ့် အစားထိုးအနေနဲ့ Marvel ထဲက Thor မင်းသား ပျိုတိုင်းကြိုက်နှင်းဆီခိုင် Chris Hemsworth ကိုထည့်ထားပါတယ်။ မင်းသမီးအနေနဲ့ကတော့ Thor: Ragnarok ထဲက Asgardians စစ်သူရဲမလေး Tessa Thompson ပဲဖြစ်ပါတယ်။ ဒီ Men in Black ကို ၂၀၁၉ မှာရိုက်ထားတာဖြစ်ပြီး Thor: Ragnarok ကိုတော့ ၂၀၁၇ မှာရိုက်ထားတာဖြစ်တဲ့အတွက် ပြောချင်တာကတော့ ၂၀၁၇ မှာတွဲဘက်ညီခဲ့တဲ့ ဒီနှစ်ယောက်သားက အခု ၂၀၁၉ Men in Black International မှာ ခေါင်းဆောင် မင်းသား မင်းသမီးအနေနဲ့ ရိုက်ထားတာဆိုတော့ ဘယ်လောက်များတွဲဘက်ညီကြမလဲဆိုတာ ကြည့်နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုညွှန်းရရင် အေးဂျင့်အိပ်ချ်နဲ့ အေးဂျင့်တီတို့နှစ်ယောက် ပဲရစ်က ဝင်ပေါက်တစ်ခုကနေကျူးကျော်လာတဲ့ ဟိုက်ဆိုတဲ့ဂြိုဟ်သားကျူးကျော်မှုကို လာရှင်းတာကနေစဖွင့်ထားတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မင်းသမီးတို့အိမ်ကို ဂြိုဟ်သားဝင်တော့ အမ်အိုင်ဘီတွေရောက်လာပြီး အဲ့ဂြိုဟ်သားအကြောင်းမေးမြန်းပြီး မင်းသမီးမိဘတွေရဲ့မှတ်ဉာဏ်ကိုဖျက်လိုက်ပါတယ်။ ဒါပေမယ့် မင်းသမီးကိုမဖျက်လိုက်မိတော့ မင်းသမီးဟာ ဂြိုဟ်သားတွေရှိမှန်းကို တစ်သက်လုံးခေါင်းထဲစွဲနေပါတော့တယ်။ အရွယ်ရောက်လာတော့လည်း မင်းသမီးဟာ စကြဝဠာမှာဖြစ်ပျက်နေတာကို သိချင်စိတ်ပျောက်မသွားပါဘူး။ အဲ့ဒါနဲ့ အမ်အိုင်ဘီအေးဂျင့်ဖြစ်အောင် ကြံဖန်ကြိုးစားရင်း နောက်ဆုံးမှာတော့ အစမ်းခန့်အေးဂျင့်ဖြစ်လာနိုင်ခဲ့တယ်ပေါ့။ တာဝန်ရပြီးနောက်ပိုင်း အေးဂျင့်အိပ်ချ်နဲ့ဆုံမိပြီး ပထမတာဝန်မှာတင် ကမ္ဘာကိုဖျက်မယ့်ရန်ကို ကာကွယ်ရပါတော့တယ်။ ဘယ်လိုတာဝန်ဖြစ်မလဲ ဘယ်လိုမျိုးတွေဖြေရှင်းကြမလဲဆိုတာတွေကိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုလိုက်ပါခင်ဗျာ။
Movies Name | Webpage | Telegram |
---|---|---|
Men in Black (1997) | Click Here | Click Here |
Men in Black II (2002) | Click Here | Click Here |
Men in Black 3 (2012) | Click Here | Click Here |
Men in Black: International (2019) | Click Here | Click Here |