
မင်းသားကြီး ဝီလ်စမစ်ရဲ့ Men in Black ဒုတိယမြောက်ကားလာပါပြီ။ ပထမဇာတ်ကားအပြီး MiB ကနေ ကေအနားယူသွားပြီးတဲ့နောက် ဂျေတစ်ယောက် ဘယ်ပါတနာနဲ့မှ အတိုင်အဖောက်မညီ၊ လက်တွဲမရှည်ဖြစ်နေတာကို ဇာတ်ကားစစခြင်းမှာတွေ့နိုင်မှာဖြစ်ပြီးတော့ ဂြိုဟ်တွေကိုသိမ်းပိုက်သူ ကိုင်လိုးသီးရန်းဂြိုဟ်သားမ ဆာလီနာဟာ တစ်ချိန်က သူမရယူနိုင်ခဲ့တဲ့ စကြာဝဠာကိုပါဖျက်ဆီးနိုင်တဲ့အစွမ်းရှိတဲ့ ဇာသန်ရဲ့အလင်းဟာ ကမ္ဘာပေါ်မှာပဲရှိနေသေးတယ်ဆိုတဲ့ သတင်းအတိအကျရထားတဲ့အတွက် ကမ္ဘာပေါ်ရောက်ချလာပြီး အသည်းအသန်လိုက်နေပါတယ်။ ဖြစ်မှဖြစ်ရ MiB မှာလည်း ဇာသန်ရဲ့အလင်းစစ်ဆင်ရေးအကြောင်းကိုက တချိန်ကတာဝန်ယူဆောင်ရွက်ခဲ့သူ ကေကလွဲပြီး အခြားဘယ်အေးဂျင့်မှမသိကြတဲ့အတွက် ပင်စင်ယူသွားတဲ့ ကေကို ပြန်ခေါ်ဖို့ဖြစ်လာပြီး ဆာလီနာလက်ထဲ အလင်းရောက်မသွားရအောင် ဆရာတပည့်နှစ်ယောက် ဘယ်လိုတွေကြိုးပမ်းတားဆီးပြီး ကမ္ဘာကြီးကိုတဖန်ကယ်တင်ကြမလဲဆိုတာကို ချခန်းပစ်ခန်းတွေနဲ့ ရှုစားကြရမှာပါ။ စကားချပ်အနေနဲ့ ဒီကားမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ဧည့်သည်သရုပ်ဆောင်အဖြစ် ဝင်ရောက်သရုပ်ဆောင်ပေးထားပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Men in Black (1997) | Click Here | Click Here |
Men in Black II (2002) | Click Here | Click Here |
Men in Black 3 (2012) | Click Here | Click Here |
Men in Black: International (2019) | Click Here | Click Here |