
ဒီကားလေးကိုတော့ ၁၉၈၆ လောက်က ကိုရီးယားမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအကြောင်းကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကိုတော့ မိန်းကလေးတစ်ယောက် ရက်ရက်စက်စက် မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရတဲ့အမှုကနေ စထားပါတယ်။ မြို့ကျဉ်းကျဉ်းလေးထဲမှာ ဖြစ်တဲ့ အမှုပေမဲ့ ကိစ္စက မသေးတာကြောင့် မြို့က စုံထောက်တင်မဟုတ်ဘဲ ဆိုးလ်မှာ ရှိတဲ့ စုံထောက် တစ်ယောက်ကပါ စစ်ဆေးဖို့ ရောက်လာခဲ့ပါတယ်။ စစ်ဆေးနေတဲ့ အချိန်တွင်းမှာပဲ မိန်းကလေးတွေ ဆက်တိုက်အသတ်ခံရတဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါမှာတော့ မြို့ကစုံထောက်နဲ့ ဆိုးလ်ကစုံထောက်ကြီးတို့ တရားခံကို ဘယ်လိုဆက်လိုက်ကြမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။