
ဒီတစ်ခါမှာတော့ IMDb rating 8 ရရှိထားတဲ့ ရိုမန်တစ်အိမ်ထောင်ရေး အချစ်ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ November 5, 2021 ကထွက်ရှိထားပြီး မင်းသား Abhimanyu Dasani နဲ့ မင်းသမီးချော Sanya Malhotra တို့ပါဝင်ထားပါတယ်။ မီနာရှိနဲ့ ဆွန်ဒရေရွှာတို့ဟာ မိဘတွေစီစဉ်ပေးတဲ့ အိမ်ထောင်ရေးမှာ အလွဲလေးတွေနဲ့ ပေါင်းဖက်ခဲ့ရတဲ့ စုံတွဲပါ။ အိမ်ထောင်ကျပြီးနောက် ကြင်စဦး ဇနီးမောင်နှံ အချစ်ဇာတ်လမ်းခင်းဖို့ အခွင့်မသင့်ဘဲ ဆွန်ဒရေရွှာတစ်ယောက် တခြားမြို့မှာ အလုပ်စရပါတော့တယ်။ ဇနီးဖြစ်သူမီနာရှိလည်း ယောက္ခမတွေနဲ့ နေခဲ့ရတာပေါ့။ ဒီလိုနဲ့ LDRS ဘဝရောက်ရတဲ့ ဇနီးမောင်နှံကြားမှာ အထင်လွဲစရာလေးတွေ ကြုံလာရတယ်။ ဆွန်ဒရေရွှာရဲ့ ကုမ္ပဏီက လူလွတ်တွေပဲခန့်တာဆိုတော့ သူ့ဇနီးကိုတွေ့ခွင့်မရတော့ဘူး။ အနေဝေးတဲ့ စုံတွဲတွေကြားမှာ အခက်အခဲလေးတွေ ရှိကြတာပေါ့။ ဒီလိုအခက်အခဲတွေကို သူတို့ဘယ်လိုနားလည်မှုတွေနဲ့ အတူတူဖြေရှင်းကြမလဲ၊ relationship တည်မြဲဖို့ ဆောင်ရန်ရှောင်ရန်ကဘာတွေလဲ ဆိုတာ ကြည်နူးတစ်လှည့် ပူဆွေးတစ်လှည့် ရှုစားရမှာဖြစ်ပါတယ်။