
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၁၈ ခုနှစ်မှာထွက်ရှိထားတဲ့ အင်ဒိုနီးရှားစုန်းကား May: the Devil take you ဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် လပ်စ်မာနာဟာ ရုတ်တရက်စီပွားရေးကျဆင်းပြီး ဒေဝါလီခံခဲ့ရတဲ့အပြင် ထူးထူးဆန်းဆန်း နေမကောင်းဖြစ်ခဲ့ပါတယ်။ ယခင်ဇနီးနဲ့ရခဲ့တဲ့သမီးဖြစ်သူ အယ်လ်ဖီက ဖခင်ဖြစ်သူ ထူးဆန်းစွာနေမကောင်းဖြစ်တဲ့ အကြောင်းနဲ့အတိတ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်များကိုရှာဖွေဖို့ ဖခင်အိမ်ကို သွားခဲ့ပါတယ်။ တစ်ဖက်မှာလဲ ဖခင်ဆီက တန်ဖိုးရှိတဲ့ပစ္စည်းတွေ အပိုင် သိမ်းဖို့ကြံနေတဲ့ မိထွေးကလည်း အိမ်ကိုလာခဲ့ပါတယ်။ အိမ်ကိုရောက်ရောက်ချင်းညမှာပဲ အိမ်အောက်ထပ်ကနေ ထူးဆန်းတာတွေကြုံခဲ့ရ ပါတယ်။ လပ်စ်မာနာရဲ့အိမ်ဟောင်းထဲက အိမ်အောက်ထပ် အခန်းထဲမှာ ဘာတွေဖြစ်ခဲ့ပြီး ဘယ်သူတွေရှိနေလဲ သရဲကား၊ စုန်းကား ကြိုက်တဲ့ ပရိသတ်တွေအဖို့ စိတ်ကျေနပ်မှုရရှိစေမယ့် ဇာတ်ကားလေးဖြစ်လို့ ဒေါင်းကြည့်လိုက်ပါ။ သတိပေးချင်တာကတော့ နံနက်ခင်းကြည့်ရင်တောင် ကြောက်ဖို့ကောင်းလို့ ညဘက်မှာတစ်ယောက်ထဲမကြည့်ဖို့ တိုက်တွန်းပါရစေ