
ဒီ Horror ကားလေးက ၂၀၂၀ ခုနှစ် က ထွက်ရှိထားပြီး rating 6.1 ရထားပါတယ်။ မင်းသမီး Chelsea Islan က အယ်လ်ဖီအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အယ်လ်ဖီအဖေဟာ မှော်လောကထဲကဖြစ်ပြီး အယ်လ်ဖီကတော့ နတ်ဆိုးဆီကနေ လွတ်မြောက်ဖူးသူ ဖြစ်ပါတယ်။ တစ်ခါတုန်းက မိဘမဲ့ဂေဟာမှာ ကလေး ၇ ယောက်ဟာမွေးစားခံရဖိုရောက်လာတယ်။ ဂေဟာမှူးရဲ့ဇနီးဆုံးပြီးတဲ့နောက်မှာ ဂေဟာမှူးဖခင်က ပြောင်းလဲလာပါတော့တယ်။ ကလေးတွေကို နှိပ်စက်အပြစ်ပေးတာတွေလုပ်တော့ ကလေးတွေကမခံနိုင်တဲ့အဆုံး မွေးစား အဖေကြီးကို မီးရှို့သတ်ပစ်ခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ အဲ့လူကြီးက မန္တန်တွေလေ့လာတဲ့သူဖြစ်နေတော့ ကလေးတွေကိုကျိန်စာတိုက်ခဲ့တယ်။ အဲ့ ကျိန်စာကို နတ်ဆိုးဆီက လွတ်မြောက်ဖူးတဲ့သူကပဲ အဆုံးသတ်နိုင်မယ်ဆိုပြီး အယ်လ်ဖီကိုအတင်းခေါ်ခဲ့ကြတယ်။ အဲ့ထဲကကလေး တစ်ယောက်က အနိုင်ကျင့်တဲ့ လူအပေါ်ခံစားချက်လွန်ကဲတဲ့ရောဂါဖြစ်နေတော့ သူ့သူငယ်ချင်းတွေအပေါ်သစ္စာဖောက်ပြီး နတ်ဆိုးဆီမှာ ကျွန်ခံ လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? သူ့သူငယ်ချင်းတွေ လွတ်မြောက်နိုင်ပါတော့မလား? အယ်လ်ဖီကရော ကျိန်စာကို အဆုံးသတ်နိုင်ပါ့ မလား? ဆိုတာ စိုးရိမ် ထိတ်လန့် ဖွယ်ကြည့်ရှုရမှာပါ။