
ဒီကားကတော့ 2019 ခုနှစ်ကထွက်ရှိထားတဲ့ Masquerade Hotel ရဲ့အဆက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း တိုကျိုမြို့ထဲ ကွင်းဆက်လူသတ်မှုကြီးဖြစ်နေပြီး အမည်မဲ့သတင်းပေးသူဆီကနေ သတင်းရရှိထားတဲ့ သတင်းအချက်အလက်အရ နောက်လူသတ်မှုဟာ တိုကျိုကော်တယ်ရှားဟိုတယ်မှာဖြစ်မယ်ဆိုတာကို သိလိုက်ရတဲ့အတွက် အရင်တစ်ခါကအတိုင်း စုံထောက်ကြီးနီတအပါအဝင် ရဲစုံထောက်တစ်ဖွဲ့လုံး ဟိုတယ်ဝန်ထမ်းအဖြစ်ရုပ်ဖျက်ရင်း ဟိုတယ်ဝန်ထမ်းတွေနဲ့ပူးပေါင်းဆောင်ရွက်ကာ ကွင်းဆက်လူသတ်သမားကိုဖော်ထုတ်ဖမ်းဆီးနိုင်မလား။ မဖော်ထုတ်နိုင်ဘဲနဲ့ လူသတ်သမားကပဲ လူသတ်မှုကျူးလွန်ပြီးလွတ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုပေးကြပါခင်ဗျ။
Movies Name | Webpage | Telegram Link |
---|---|---|
Masquerade Hotel (2019) | Click Here | Click Here |
Masquerade Night (2021) | Click Here | Click Here |