
တိုကျိုမြို့ထဲဝယ် ကွင်းဆက်လူသတ်မှုကြီးတစ်ခုဖြစ်နေပြီး လူသတ်တဲ့ပုံစံတွေက တစ်မှုနဲ့တစ်မှုမတူကြပေမယ့် တူညီတဲ့အချက်ကတော့ လူသတ်သမားဟာ မှုခင်းဖြစ်ရာနေရာမှာ အမြဲတမ်းကုဒ်နံပါတ်လေးတစ်ခုကိုချန်ချန်ထားခဲ့တာပါ။ ရဲဌာနက အဲ့ကုဒ်နံပါတ်ကို ကုဒ်ဖော်ကြည့်လိုက်တိုင်း ပထမလူသတ်မှုကကုဒ်တွေက နောက်လူသတ်မှုဖြစ်ပွားမယ့်နေရာတွေကို ညွှန်းထားတဲ့အတွက် ကွင်းဆက်လူသတ်မှုဆိုပြီး သတ်မှတ်လိုက်ရခြင်းဖြစ်ပြီး လူသတ်သမားဟာ သုံးယောက်မြောက်သတ်လိုက်တဲ့လူရဲ့ကုဒ်မှာ နောက်တစ်ခေါက်လူသတ်မယ့်နေရာက တိုကျို ကော်တယ်ရှားဟော်တယ်မှာ ဆိုပြီး ညွှန်းထားပါတယ်။ အဲ့ဒီအတွက် ဇာတ်လိုက်ကျော် စုံထောက်နီတ အပါအဝင် ရဲတွေအနေနဲ့ ဟိုတယ်မှာ အင်အားအပြည့်နဲ့ ဟိုတယ်ဝန်ထမ်းအသွင်ယူကာ လူသတ်သမား လူသတ်ဖို့ကြိုးစားကြံစည်မှာကို ဆက်တိုက်စောင့်ကြည့်နေကြပါတယ်။ ဆိုပေမဲ့ လေသံကမာ ဘဝင်ကမြင့်တဲ့အပြင် အထက်စီးကနေပြောတတ်တဲ့ နီတတစ်ယောက်ကတော့ သူ့ကိုတာဝန်ယူကူညီပေးရတဲ့ ဟိုတယ်ဧည့်ကြိုကောင်တာက ရမဂီရှီနဲ့ သိပ်ပြီးအဆင်မပြေလှဘဲ အမြဲလိုလို အပြောအငေါက်ခံနေရပါတယ်။ ဟိုတယ်မှာ လူသတ်သမားကိုဖမ်းဖို့ပဲကြိုးစားနေတဲ့ စုံထောက်ကြီး နီတနဲ့ ဧည့်သည်တွေကိုသာ ဦးစားပေးတတ်တဲ့ ဟိုတယ်ဝန်ထမ်းရမဂီရှီတို့နှစ်ယောက် အပေါက်လမ်းမတည့်ကြလျက်နဲ့ ဘယ်လိုတွေ တစ်ယောက်ကိုယ်တစ်ယောက်ကူညီဖေးမပြီး လူသတ်သမားကိုဖော်ထုတ်သွားမလဲဆိုတာကို လှလှပပ ကြည့်ရှုရမှာဖြစ်ပါတယ်။
Movies Name | Webpage | Telegram Link |
---|---|---|
Masquerade Hotel (2019) | Click Here | Click Here |
Masquerade Night (2021) | Click Here | Click Here |