
တလောကတင်ဆက်ပေးထားတဲ့ Make me shudder နှစ်ကားရဲ့အဆက် Make me shudder 3 လေးလာပါပြီနော်။ ဒီတစ်ခါမှာတော့ ကုစားစာမေးပွဲပြန်ဖြေပြီး စာမေးပွဲအောင်သွားတဲ့ နစ်တို့သူငယ်ချင်းတစ်စုဟာ ဖူးခက်ကျွန်းကို အပန်းဖြေခရီးထွက်လာကြပါတယ်။ ဒါပေမဲ့လည်း ကံဆိုးချင်တော့ ဖူးခက်ကျွန်းမရောက်ခင်လမ်းမှာ လေကြီးမိုးကြီးနဲ့ကြုံတဲ့အတွက် အဆောက်အဦပျက်ကြီးတစ်ခုထဲကို မိုးခိုဖို့ဝင်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ အဲဒီအဆောက်အဦပျက်ကြီးက သာမန်မဟုတ်ဘဲ ဆူနာမီရဲ့ဒဏ်ကိုခံခဲ့ရပြီး လူထောင်ပေါင်းများစွာသေဆုံးဖူးတဲ့ ဟော်တယ်ကြီးတစ်ခုဖြစ်နေပါတယ်။ သူတို့သူငယ်ချင်းတစ်ခု အလောင်းကောင်တွေအများကြီးကြားမှာ တိုင်ပတ်ရင်းပြေးရင်းလွှားရင်း လူစားလဲချင်နေတဲ့ဝိညာဉ်တွေနဲ့ ကြုံလာရတဲ့အခါမှာတော့…
ဒီဇာတ်ကားမှာဆိုရင်တော့ နစ်တို့ရဲ့အလွဲတွေကိုရယ်မောရ ရင်တုန်ရမဲ့အပြင် ဆူနာမီ awareness အနေနဲ့ ဆူနာမီရဲ့အနိဋ္ဌာရုံတွေကို ထည့်သွင်းရိုက်ကူးထားတာမို့ သနားစရာကရုဏာရသကိုပါ အပိုထပ်ဆောင်းခံစားရမှာဖြစ်ပြီး ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာ အသေအချာပါပဲနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Make Me Shudder (2013) | Click Here | Click Here |
Make Me Shudder 2 (2014) | Click Here | Click Here |
Make Me Shudder 3 (2015) | Click Here | Click Here |