
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအချစ်ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ Pee Mak နဲ့ Mae Nak ရဲ့ ဇာတ်လမ်းလေးကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ Pee Mak ကားဟာဆိုရင်လည်း နာမည်ကြီးဇာတ်ကားတစ်ကားပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတင်ဆက်ပေးမှာက Pee Mak တော့ မဟုတ်ပါဘူး။ သူတို့ကြားက ချစ်ခြင်းမေတ္တာကို ဟာသနှောပြီး ရသအသစ်လေးနဲ့ကြည့်ရှုရမဲ့ Make me shudder 2 ဆိုတဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထုံးစံအတိုင်း နစ်တို့သူငယ်ချင်းတစ်စုဟာ ကျောင်းရဲ့အော်ကြောလန်လေးတွေပီပီ စာမေးပွဲကျဖို့အသာထား စာမေးပွဲဖြေခွင့်တောင်မရရှာတဲ့အတွက် ဆုတောင်းပြည့်တယ်လို့ သူတို့သတင်းကြားတဲ့ မယ်နတ်ရဲ့နတ်ကွန်းဆီကို ဆုတောင်းဖို့ရောက်လာကြပါတယ်။ ဒါပေမဲ့လည်း ကံဆိုးသူမောင်ရှင်တစ်စုက ဆုတောင်းမှားပြီး Mae Nak နဲ့ Pee Mak ရဲ့အချစ်ဇာတ်လမ်းကြားမှာ ကြားညပ်ဖို့ ဖြစ်လာပါတော့တယ်။ သူများလင်မယားကြားမှာ နစ်တို့တစ်စု ဘယ်လိုကန့်လန့်ကန့်လန့်နဲ့ တလွဲတွေလုပ်ကြမလဲ။ သူတို့လိုချင်တဲ့ဆုတောင်းကရော ပြည့်မှာလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစား အဖြေရှာပေးကြပါဦးနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Make Me Shudder (2013) | Click Here | Click Here |
Make Me Shudder 2 (2014) | Click Here | Click Here |
Make Me Shudder 3 (2015) | Click Here | Click Here |