
ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ရဲ့ သရဲနိုင်ဆရာကြီးရဲ့ Magic Cop ဆိုတဲ့ ကားလေးပါ။ ပထမတော့ ကျွန်တော်လည်း ဒီကားက ရှေ့ကားတွေလို ဖုတ်ကောင်တွေနဲ့ မဟုတ်တာကြောင့်ရယ်၊ ကိုယ်တို့ရဲ့ ဆရာကြီးကလည်း ဒီကားထဲမှာ ရဲဖြစ်နေရယ်ကြောင့် သိပ်မကောင်း လောက်ဘူး ထင်ထားတာ။ ဒါပေမယ့် တကယ်လည်းကြည့်လိုက်ရော ဇာတ်ကားလေးက အတော်လေးကောင်းနေတာကို တွေ့လိုက်ရတယ်။ တစ်ကားလုံး ပျင်းရတယ်ကို မရှိအောင် ဟာသလေးတွေ၊ ထိတ်လန့်စရာလေးတွေ၊ စုံထောက်ဇာတ်ကားဆိုတဲ့အတိုင်း အမှုဖော်တဲ့ ပုံစံလေး တွေနဲ့ တင်ဆက်သွားတာ အတော်လေးကောင်းတယ်လို့ ပြောရမယ်။ ရိုက်ချက်တွေ၊ ဇာတ်လမ်းဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေလည်း ဘာမှ အပြစ်ပြောစရာသိပ်မတွေ့ဘူး။ အားလုံးခြုံပြောရရင်တော့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ပြောလိုက်ပါရစေ။ မကြည့် ရသေးတဲ့သူတွေအနေနဲ့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရဲတစ်ယောက်ဖြစ်တဲ့ ဦးလေးဖုန်းဟာ အမှုတစ်ခုကြောင့် သူ့တူမနဲ့ မြို့တက်လာပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲ့အမှုက ရိုးရိုးအမှုမဟုတ်ဘဲ အောက်လမ်းနဲ့ ပြုစားထားတဲ့ အမှုဖြစ်နေတာပါပဲ။ အဲ့တော့ နတ်ဆရာတစ်ပိုင်း ရဲတစ်ပိုင်းဖြစ်တဲ့ ဦးလေးဖုန်းကပဲ တာဝန်ယူပြီး ဖြေရှင်းပေးရပါတော့တယ်။ အခက်အခဲတွေကြားက ဘယ်လိုဖြေရှင်းလိုက်ရသလဲ သိချင်ရင်တော့ ကိုယ့်ကိုတိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ
Mr.Vampire Movies List | Link |
---|---|
Mr.Vampire (1985) | Click Here |
Mr.Vampire II (1986) | Click Here |
Mr.Vampire III (1987) | Click Here |
Mr.Vampire Saga 4 (1988) | Click Here |
Vampire vs Vampire (1989) | Click Here |
Magic Cop (1990) | Click Here |
The Musical Vampire (1992) | Click Here |