
ဒီတစ်ခါမှာတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ စွန့်စားခန်းလေးကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ အခုတလောရေပန်းစားနေတဲ့ Luck ဆိုတဲ့ကားလေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဆမ်ဟာ အရမ်းကိုကံဆိုးတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သူ့ဘဝတလျှောက်လုံး မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပြီး မွေးစားမဲ့သူကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ကံဆိုးမှုတွေနဲ့နေသားကျနေတဲ့ဆမ်ဟာ စိတ်ထားအလွန်ကောင်းသူဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းပိစိလေး ဟေဇယ် မွေးစားမဲ့မိဘတွေနဲ့တွေ့ရာမှာ အဆင်ပြေစေဖို့အတွက် ကံကောင်းခြင်းအကြွေစေ့လေးတစ်စေ့ ရှာပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီအကြွေစေ့လေးကြောင့်ပဲ စကားပြောတဲ့ကြောင်တစ်ကောင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး သူ့ဘဝဟာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကြောင်ကလေးနောက်လိုက်ရင်း လူသားကမ္ဘာကို ကံဆိုးခြင်း၊ ကံကောင်းခြင်းတွေ ဖန်တီးပေးနေတဲ့ ကံကြမ္မာလောကကို ရောက်ရှိသွားပြီးတဲ့နောက်မှာတော့ ဆမ်တစ်ယောက် ဟေဇယ့်အတွက် အကြွေစေ့လေးဆောင်ကြဉ်းပေးနိုင်ဖို့ ဘာတွေစွန့်စားရမလဲ။ စိတ်ထားကောင်းတဲ့ ဆမ်လေးအတွက် ဘာတွေကစောင့်ကြိုနေမလဲဆိုတာ ဇာတ်ကားလေးကြည့်ရင်းပဲ အဖြေရှာကြည့်လိုက်ပါဦးနော်…