
လူသတ်မှုတွေအကုန်လုံးက အချစ်ကြောင့်ပဲ။ စစ်တမ်းတွေအရ လူသတ်မှုတွေရဲ့ တစ်ဝက်လောက်မှာ တရားခံက သေဆုံးသူရဲ့ ချစ်သူ၊ ရည်းစား၊ အိမ်ထောင်ဖက်တွေ ဖြစ်နေတတ်ကြတယ်တဲ့။ ရုပ်ရှင်ရဲ့အစမှာ အမျိုးသမီးတစ်ယောက်ဟာ မိုးရေထဲမှာ ပြေးနေတယ်။ အဲ့ဒါကို သူ့ရဲ့ ခင်ပွန်းဖြစ်သူက ဗန်ကားတစ်စီးနဲ့ အမှောင်ထဲမှာ စောင့်နေရင်း ရည်ရွယ်ချက်ရှိရှိ ကားနဲ့တိုက်ပစ်လိုက်တယ်။ ခင်ပွန်းဖြစ်သူ ဖောက်ပြန် နေတာကို ဇနီးက မိသွားခဲ့ရာကနေ အတ္တကြီးလာကြပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ငြှိုးတွေထားတဲ့ထိ ဖြစ်လာကြပုံကို Loving Adults ဆိုတဲ့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ထင်သလောက် မရိုးရှင်းဘဲ Plot twist လေးတွေလည်း ပါတာကြောင့် မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေအတွက် အချိန်ပေးရကျိုးနပ်မယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ…။