
ဒီဇာတ်ကားလေးမှာတော့ လီလိုဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ တစ်ရက်မှာ သူ့အစ်မနဲ့အတူ ခွေးလေးတစ်ကောင် ခေါ်ယူမွေးစားဖို့အတွက် ဂေဟာကို ရောက်သွားခဲ့ပါတယ်၊ ဟိုရောက်တော့ လီလိုဟာ ထူးဆန်းပြီး ဖော်ရွေပုံရတဲ့ ခွေးလေးတစ်ကောင်ကို သဘောကျသွားခဲ့လို့ မွေးစားဖို့ဆုံးဖြတ်ခဲ့ပြီး ခွေးလေးကိုတော့ စတစ်ချ်လို့ နာမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စတစ်ချ်ဟာ သာမန်ခွေးလေးတစ်ကောင်ဟုတ်မနေခဲ့ဘဲ စကြာဝဠာအဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တစ်ယောက် အဖျက်သဘောနဲ့ဖန်တီးခဲ့တဲ့ အကောင်လေးတစ်ကောင်ဖြစ်နေခဲ့ပြီး အဖွဲ့အစည်းရဲ့ကောင်စီကလည်း ဒီလိုတီထွင်မှုက ဂြိုဟ်အတွက်ဆိုးကျိုးပေးနိုင်တာကြောင့် သိပ္ပံပညာရှင်ကိုရော အကောင်လေးကိုပါ ဖမ်းဆီးခဲ့ရာမှ ထွက်ပြေးလွတ်မြောက်ပြီး ကမ္ဘာကိုရောက်ရှိလာခဲ့တာပါ။ စတစ်ချ်ဟာ သူ့ဗီဇအတိုင်းလိုက်ဖျက်ဆီးနေတတ်တာကြောင့် လီလိုတို့ညီအစ်မနှစ်ယောက် ပြဿနာတွေချည်းကိုပဲ ဆက်တိုက်ဖြေရှင်းခဲ့ရပါတယ်။ ဒါပေမဲ့လည်း လီလိုဟာ စတစ်ချ်ကို တကယ့်မိသားစုဝင်တစ်ဦးလိုသံယောဇဉ်တွယ်သွားပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် တတ်နိုင်စွမ်းရှိသလောက် ပြုပြင်ပြောင်းလဲပေးနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ စတစ်ချ် ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အဖွဲ့အစည်းကလည်း သိပ္ပံပညာရှင်နဲ့ ကမ္ဘာအကြောင်းကျွမ်းကျင်သူနှစ်ဦးကို ထပ်မံစေလွှတ်ခဲ့ကာ စတစ်ချ်ကို ပြန်လည်ဖမ်းဆီးရန်အတွက် အမိန့်ချမှတ်လိုက်တဲ့အခါမှာတော့ စတစ်ချ်လေးကို သံယောဇဉ်တွယ်မိနေတဲ့ လီလိုအဖို့ ဘယ်လိုအထူးအဆန်းတွေကြုံတွေ့ဖြေရှင်းဖို့ဖြစ်လာမလဲ၊ ပြဿနာတွေဘယ်လိုဆက်တက်ကြမလဲဆိုတာတွေကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ကြပါဦးနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Lilo & Stitch (2002) | Click Here | Click Here |
Lilo & Stitch 2: Stitch Has a Glitch | Click Here | Click Here |