
အားလုံးပဲ ချစ်စရာကောင်းတဲ့ စတစ်ချ် အပြာရောင်ကောင်လေးကို သိကြမယ်ထင်ပါတယ်။ စတစ်ချ်ဟာဆိုရင် Disney ရဲ့ နာမည်ကြီး Character တွေထဲကတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Lilo and Stitch ရဲ့အဆက်ဇာတ်ကားလေးပဲဖြစ်ပြီး ဒီကားလေးထဲမှာတော့ စတစ်ချ်ကိုတီထွင်ခဲ့တဲ့ ဂျမ်ဘာဟာ သူတီထွင်နေစဥ်တုန်းမှာ ရဲတွေလာရောက်ပြီးဖမ်းဆီးခြင်းခံခဲ့တဲ့အတွက် စတစ်ချ်ကို အားအပြည့်မသွင်းလိုက်ရတဲ့ အကျိုးဆက်အနေနဲ့ စတစ်ချ်ဟာ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ဘဲ တွေ့သမျှအရာတိုင်းကို ဖျက်ဆီးတတ်တဲ့ပုံစံကြီး ခဏတိုင်းလိုလို ဖြစ်သွားခဲ့ပါတယ်။ အဲ့လိုအခြေအနေမျိုးကို လီလိုနဲ့ စတစ်ချ်တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြတ်ကျော်သွားမလဲ? စတစ်ချ်ကရော အရင်လိုပြန်ဖြစ်သွားပါ့မလားဆိုတာကို ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးရဲ့ အနှစ်သာရအနေနဲ့ လီလိုနဲ့ စတစ်ချ်တို့ရဲ့ သူငယ်ချင်းသံယောဇဥ်လေးတွေ ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီကားလေးရဲ့ ထူးခြားချက်ကတော့ ဟာဝါအီကျွန်းကို အခြေခံပြီး ရိုက်ကူးထားတဲ့အတွက် ဟာဝါအီကျွန်းသားတွေရဲ့ အကတွေ ဓလေ့ထုံးစံလေးတွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အားလုံးပဲ ကြည့်ရှုအားပေးကြပါဦးနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Lilo & Stitch (2002) | Click Here | Click Here |
Lilo & Stitch 2: Stitch Has a Glitch | Click Here | Click Here |