
ဒီ Indian horror ကားလေးက 2021, October ၁ ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပြီး rating 7.5 တောင်ရရှိထားတာပါ။ မင်းသား Kavin က ဂူရူအဖြစ်၊ မင်းသမီးချော Amritha Aiyer က အာရီနီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူရူက အဖွဲ့ခေါင်းဆောင်ရာထူးနဲ့ ပထမဆုံး အလုပ်ဝင်တဲ့ရက်မှာပဲ ညဘက်ထိအချိန်ပိုဆင်းစရာ အလုပ်တစ်ခုရလာပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်မယ့်အချိန်ရောက်တော့ ကုမ္ပဏီမှာရှိတဲ့ တစ်ခုတည်းသော ဓာတ်လှေကားကို သုံးရတော့မှာပါ။ အဲ့ချိန်မှာပဲ မထင်မှတ်ထားတဲ့ အိမ်မက်ဆိုးကြီး စပါတော့တယ်။ ညဆိုင်းအစောင့် တွေကိုလည်း ရှာမရတော့ဘဲ ဓာတ်လှေကားထဲမှာ ပိတ်မိပြီး ဒုက္ခကြီးစွာရောက်၊ ထွက်လို့ရတော့လည်း မျက်စိလည်လမ်းမှားတွေဖြစ်နဲ့။ ဒီအချိန်မှာပဲ HR ဝန်ထမ်းဖြစ်တဲ့ ဟာရီနီကလည်း အခန်းတစ်ခုထဲမှာ ၂ နာရီတိတိလော့ကျပြီး ပိတ်မိနေပါတယ်။ ဂူရူနဲ့ဟာရီနီတို့နှစ်ဦးဆုံမိ သွားပြီး ဓာတ်လှေကားနဲ့ အဆောက်အဦအပြင်ကို ထွက်နိုင်ဖို့အဖြေရှာကြတဲ့အခါမှာတော့ ကုမ္ပဏီရဲ့မတော်တဆမှုဆိုတဲ့ လုပ်ဇာတ်တစ်ခုနဲ့ ဆက်စပ်နေတာကို တွေ့ရှိသွားပါတယ်။ တကယ်တော့ သရဲက ဓာတ်လှေကားထဲမှာ စွဲကပ်နေတာဖြစ်ပြီး သူ့ရဲ့မတရားခံရတဲ့ဘဝအတွက် လက်စားချေဖို့ရှိနေတာပါ။ အဲ့လိုမကျွတ်မလွတ်ဖြစ်ရလောက်အောင် ဘယ်လိုစိတ်နာစရာတွေများရှိခဲ့လို့လဲ? ဂူရူနဲ့ဟာရီနီတို့ကရော အဲ့ဒီ အဆောက်အဦကြီးကနေ လွတ်မြောက်နိုင်မှာလား? ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာ ဖြစ်ပါတယ်။