
Life of Pi ဇာတ်လမ်းလေးကို ဒါရိုက်တာ Ang Lee က ၂၀၀၁ ခုနှစ်မှာထွက်ခဲ့တဲ့ Yann Martel ရဲ့ဝတ္ထုကိုအခြေခံပြီး ရိုက်ကူးထားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ် မင်းသား Irrfan Khan နဲ့မင်းသား Suraj Sharma တို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယက မိသားစုတစ်စု အခြေအနေအကြောင်းကြောင်းကြောင့် ၎င်းတို့ပိုင် တိရစ္ဆာန်တွေနဲ့အတူ ဂျပန်ကုန်တင်သင်္ဘောနဲ့ ကနေဒါနိုင်ငံကို ပြောင်းရွှေ့ဖို့လုပ်ရာကနေ မုန်တိုင်းမိပြီး သင်္ဘောမြုပ်သွားခဲ့ပါတယ် အဲ့ထဲကမှသားငယ်လေး တစ်ယောက်ပဲ အသက်ရှင်ကျန်နေခဲ့ပြီး ကျား၊ မြင်းကျား၊ ခွေးအနဲ့မျောက်ဝံတို့နဲ့အတူတူ ပင်လယ်ထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် စားသောက်ဖို့ကြံစည်နေရတဲ့အပြင် သားစားတိရစ္ဆာန်ဖြစ်တဲ့ ကျားတစ်ကောင်နဲ့ ဘယ်လိုများရင်းနှီးမှုရယူပြီး ကျားရော သူရော အသက်ရှင် နေထိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး လွတ်မြောက်အောင်ကြံစည်ခဲ့သလဲဆိုတာတွေကို ဒီကားလေးထဲမှာ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာဖြစ်တဲ့အပြင် ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကိုလည်း ထည့်သွင်းရိုက်ပြထားတာကို တွေ့ရှိရမှာဖြစ်ပြီး ပင်လယ်ရဲ့ သဘာဝ ရှုခင်းအလှတွေကို တဝကြီးကြည့်ရှုလို့ရမှာဖြစ်ပါတယ် ဒီလိုမျိုးရသအမျိုးမျိုးနဲ့ပြည့်နှက်နေတဲ့ ကားလေးဖြစ်တာကြောင့်မို့လို့ ၂၀၁၂ ခုနှစ်မှာ လူကြိုက်အများဆုံး အိန္ဒိယကားကောင်းလေးအဖြစ်နဲ့ ကမ္ဘာအထိကျော်ကြားပြီး ဆုတွေအများကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ် တကယ်ကိုလက်မလွှတ်စတမ်းကြည့်သင့်တဲ့ ကားကောင်း လေးတစ်ကားဖြစ်တာကြောင့်မို့လို့ တိုက်တွန်းလိုက်ပါတယ်နော်