
ရှေးဟောင်းရုပ်ရှင်ဇာတ်လမ်းကို ခပ်အေးအေး၊ ခပ်ငြိမ့်ငြိမ့်နဲ့ ကြည့်ချင်သူတွေအတွက် ၂၀၂၂ နှစ်မှာ ထွက်ရှိလာတဲ့ အဖြူအမည်းဇာတ်ကား Leonora Addio (2022) ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ၁၉၃၄ ခုနှစ်၊ ဆွီဒင်မှာ ကျင်းပတဲ့ နိုဘယ်ဆုပေးပွဲမှာ အီတလီပြဇာတ်ရေးဆရာ လူအီဂျီ ပီရန်ဒယ်လိုက စာပေနိုဘယ်ဆုရရှိခဲ့ပုံနဲ့ အစပြုထားပါတယ်။ လူအီဂျီ ပီရန်ဒယ်လိုဟာ သူသေဆုံးပြီးနောက်မှာ အရိုးပြာကို မွေးရပ်မြေဖြစ်တဲ့ အာဂရီဂျန်တိုမြို့က စီဆီလီကျွန်းပေါ်မှာ မြှုပ်နှံပေးဖို့ စာပါးခဲ့ပေမဲ့ ၁၀ နှစ်တာ ကမ္ဘာစစ်အတွင်း သူ့အရိုးပြာဟာ ရောမသုသာန်မှာပဲ ရှိနေခဲ့ရပါတယ်။ စစ်အေးကာလရောက်တဲ့အခါ အရိုးပြာကို သူဆန္ဒရှိခဲ့တဲ့အတိုင်း စီဆီလီကျွန်းဆီ ပို့ပေးဖို့ ခရီးဆန့်တဲ့အကြောင်းကို တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ လူအီဂျီ ပီရန်ဒယ်အကြောင်း၊ သူ့ခံယူချက်နဲ့ သူပုံဖော်ခဲ့တဲ့စာပေနဲ့ သူမသေဆုံးခင် နောက်ဆုံးရေးသားခဲ့တဲ့ ဇာတ်လမ်းကိုပါ တွေ့မြင်ရမှာဖြစ်ပြီး လူတွေရဲ့အတွေး၊ ကိုယ်ပိုင်ဘဝပုံဖော်မှုတွေကိုပါ အတွေးပေါင်းများစွာနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။