ဒီကားလေးကတော့ ရှေ့က Legend of Snake ရဲ့ အဆက်ဖြစ်ပြီးတော့ ရှေ့ကားမှာ နားမလည်ခဲ့သမျှ အားလုံး ဒီကား ကြည့်လိုက်ရင် နားလည်သွားမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒုတိယကားမှာ တော်တော်များများ ပြန်ရှင်းပြထားလို့ပါ။ ပထမကားမှာ လုံထင်က ကျင့်ယောင်ကို သတ်တော့မယ့် အခန်းမှာ ပြီးသွားပြီး ဒီဒုတိယ ကားမှာလည်း အဲ့နေရာကနေပဲ ပြန်စထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ပရိသတ်တွေအားလုံး ကြည့်ရတာ အရသာပျက်သွားမှာ စိုးလို့ မပြောတော့ပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကြည့်လိုက်ရင် ပထမကားတုန်းက စိတ်ထဲမရှင်းတာတွေ ရှင်းသွားမယ်လို့ ထင်ပါတယ်။ ကြည့်ရှုခံစားလိုက်ပါဦး။