
Lazy Susan (မြန်မာစာတန်းထိုး)
2020 ‧ Comedy ,Running time = 1h 30m
Translate & Script = Kit Lay
Editor & Encoder by Thi Ha Thu
xxxxxxxxxxxxxxxxxxxx
ဒီတစ်ခေါက်ရွှေပန်းသီးပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေး ကတော့ ဟာသကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်က “Lazy Susan”ပဲဖြစ်ပါတယ်၊ ဒီကားလေးကိုတော့ ဒါရိုက်တာကြီး Nick Peet ကရိုက်ကူးပေးထားတာဖြစ်ပြီး အဓိကဇာတ်ကောင်များ အဖြစ် Sean Hayes၊ Carrie Aizley၊ Matthew Broderick တို့ကပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်၊ ဇာတ်ညွှန်းကိုတော့ Carrie Aizleyကပဲရေးသားပေး ထားတာ ဖြစ်ပါ တယ်။ ဒီကားလေးရဲ့ထူးခြားချက်ကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Sean Hayes က Susan ဆိုတဲ့ အမျိုးသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာပါဝင်တဲ့ Susan ဆိုတဲ့အမျိုးသမီးက အရမ်းကိုပျင်းတဲ့ အမျိုးသမီး တစ်ယောက်ပဲဖြစ်ပါတယ်၊ အသက်ကသာ လူလတ်ပိုင်းအရွယ်ရှိနေ ပေမဲ့ ဘာအလုပ်အကိုင်မှမရှိတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်၊ ဒီအသက်အရွယ် အထိ သူ့မရဲ့မိခင်ဆီကနေပိုက်ဆံတောင်းသုံးနေရတဲ့သူ တစ်ယောက် အဲ့ဒါကြောင့် လည်း သူ့မိသားစုဝင်တွေက သူ့ကို သိပ်ဦးစားပေးလေ့မရှိဘူး၊ တစ်နေ့မှာတော့ သူဟာ Phil ဆိုတဲ့လူရှုပ်လူပွေတစ်ယောက်နဲ့တွေ့ပြီး ဘာတွေဖြစ်လာမလဲ Susan တစ်လျှောက်ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေး ထဲမှာပဲစောင့်ကြည့်လိုက်ပါတော့နော်၊ ဇာတ်ကားတစ်ကားလုံးကို မပျင်းရအောင် ဟာသပုံစံမျိုးလေးနဲ့တင်ဆက်ထားတာ ဆိုတော့ ပရိတ်သက်ကြီးအကြိုက်တွေ့မှာ ကြိမ်းသေပါတယ်။