
ဒီဇာတ်လမ်းလေးကတော့ ရွာကလေးတစ်ရွာက တို့ဟူးရောင်းတဲ့“ဝမ်ရှန်း”ဆိုတဲ့ ကောင်လေးရဲ့ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဘဝခရီးလမ်းလေး အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ “လောင်”တောင်တန်းက သူတော်စင်မျိုးဆက်လို့ ဘဝင်မြင့်နေတဲ့ “ဝမ်ရှန်း”ဟာ ကံကြမ္မာရဲ့စီမံချက်အရ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး “လောင်”တောင်တန်းကို အမှတ်မထင် ရောက်ရှိသွားခဲ့တယ်။ “ဝမ်ရှန်း”တစ်ယောက် တကယ်ပဲ“လောင်”တောင်တန်းက သူတော်စင်တစ်ယောက်ဖြစ်လာမလား၊ “လောင်” တောင်တန်းကြီး အခက်အခဲထဲ ကျရောက်နေချိန်မှာ“ဝမ်ရှန်း”ကကော ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးအတွက် “လောင်”တောင်တန်းကို ကယ်တင်မလား၊ ကိုယ့်ကိုယ်ကို“လောင်”တောင်တန်းက သူတော်စင်မျိုးဆက်လို့ထင်နေတဲ့“ဝမ်ရှန်း”ဟာ ဘာမှမဟုတ်တဲ့ တို့ဟူးရောင်းတဲ့ ကောင်လေးတစ်ယောက်ပဲလား ဒါမှမဟုတ် တကယ်ပဲ သူတော်စင်မျိုးဆက်လား၊ ရိုးရှင်းတယ်လို့ထင်ရပေမဲ့ ဘယ်လိုဇာတ်ကွက် အလှည့်အပြောင်းအမိုက်စားတွေ သုံးထားလဲဆိုတာ ဇာတ်ကားလေးကို ကိုယ်တိုင်ပဲဝင်ကြည့်ရှုလိုက်ကြရအောင်။