
သေမင်းမှတ်စုဇာတ်ကားတွဲရဲ့ ၃ ကားမြောက်လာပါပြီ။ ဒီတစ်ခေါက်ကားမှာတော့ အရင်ဇာတ်ကားမှာ လိုက်ကိုအနိုင်ယူဖို့ ကိုယ့်ကိုကိုယ်စတေးခဲ့တဲ့ အယ်လ်ဟာ သူ့ဘဝရဲ့လက်ကျန် ၂၃ ရက်မှာ ဘာတွေလုပ်မလဲဆိုတာကို ကြည့်ရမယ်ပေါ့ဗျာ။ လိုက်ကိုအနိုင်ရပြီးပြီးချင်းမှာပဲ အယ်လ်ဟာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းအမည်ခံပြီး ကမ္ဘာ့လူဦးရေတစ်ဝက်လောက်ကိုလျှော့ချပစ်ဖို့ အင်မတန်ဆိုးတဲ့ဗိုင်းရပ်စ်အသစ်ကို ဖန်တီးစမ်းသပ်နေတဲ့လူတစ်စုနဲ့ ထပ်မံတိုးရပြန်ပါတယ်။ အယ်လ်ကတော့ ထုံးစံအတိုင်း သူ့ရဲ့ထက်လှတဲ့ဦးနှောက်ကိုပဲအသုံးချပြီး အဲ့လူတွေရွှေ့မယ့်အကွက်တွေကို ဘယ်လိုကြိုတင်ခန့်မှန်းပြီး သူကိုယ်တိုင်ရော ဘယ်လိုတွေအကွက်ရွှေ့ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဗျ။ မူရင်းဇာတ်လမ်းမှာ အယ်လ်ဟာ ဇာတ်သိမ်းမကောင်းခဲ့ပေမဲ့ ဒီဇာတ်ကားတွဲထဲမှာတော့ အယ်လ်ဟာ ဘဝရဲ့နောက်ဆုံးအခိုက်အတန့်တွေမှာ လူသားဆန်မှုကိုပိုင်ဆိုင်နိုင်ခဲ့ပြီး အဆုံးသတ်ကောင်းလေးကို ပိုင်ဆိုင်ခဲ့တာမို့လို့ အယ်လ်ရဲ့ပရိတ်သတ်တို့လည်း ကျေနပ်ကြမှာပါ။
Movies Name | Webpage | Telegram Links |
---|---|---|
Death Note (2006) | Click Here | Click Here |
Death Note: The Last Name (2006) | Click Here | Click Here |
Death Note: L Change the WorLd (2008) | Click Here | Click Here |
Death Note: Light Up the NEW World | Click Here | Click Here |