
(2022) ခုနှစ်အတွင်း ထပ်မံထွက်ရှိထားတဲ့ Kuntilanak(3) ကတော့ Imdb rating အတွက် (4.2/10) ရထားပါတယ်။ အစ်မကြီးအမိရာဆိုပြီး သူ့မောင်လေးတွေ ညီမလေးတွေကို စောင့်ရှောက်ပေးတတ်တဲ့ Kuntilanak movies ရဲ့ ဇာတ်လိုက်ကျော်လေး ဒင်ဒါဟာ မန်ကူဂျီဝိုမျိုးနွယ်စုရဲ့ နောက်ဆုံးသွေးသားဆိုတာ ရှေ့က Kuntilanak movies တွေမှာ ပြသခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ မန်ကူဂျီဝို မျိုးနွယ်စုဖြစ်တဲ့ ဒင်ဒါရဲ့ အစွမ်းတွေဟာ ဖုံးကွယ်ထားလို့မရအောင် ကြီးမားလာပြီး သာမန်ကလေးတွေကြားထဲမှာ အထူးအဆန်းဖြစ်လာတာကြောင့် ဒင်ဒါရဲ့မွေးစားမိခင် ဒွန်နာ တစ်ယောက် အခက်ကြုံရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ စိတ်စွမ်းအားရှင်တွေကို ပညာသင်ပေးနေတဲ့ကျောင်းရဲ့တာဝန်ရှိသူက ဒွန်နာ့ဆီ ကျောင်းဝင်ခွင့်ကမ်းလှမ်းလာပါတယ်။ ဒွန်နာလည်း လေ့လာကြည့်ပြီး ဒင်ဒါလက်ခံတာနဲ့ ကျောင်းအပ်လိုက်ပါတယ်။ ဒင်ဒါက ကျောင်းမှာပျော်နေပြီး မကြာခင် အိမ်မှာ ကျန်နေခဲ့ကြတဲ့ မောင်နှမတစ်သိုက်က ကျောင်းကြီးရဲ့ထူးခြားချက်ကို ရှာတွေ့သွားကြပါတော့တယ်။ ကျောင်းကြီးက ဘာတွေထူးခြားနေတာလဲ။ အဲ့ဒီကျောင်းကြီးကနေ ဒင်ဒါ့ကို သူ့မောင်လေးတွေ ဘယ်လိုကယ်ထုတ်သွားမလဲ။ ကွန်တီလာနတ်နဲ့ရော ဘယ်လိုပတ်သက်နေပြန်တာလဲဆိုတာ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦးနော်။
Movies Name | Webpage | Telegram |
---|---|---|
Kuntilanak (2018) | Click Here | Click Here |
Kuntilanak 2 (2019) | Click Here | Click Here |
Kuntilanak 3 (2022) | Click Here | Click Here |