
ဒီတရုတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီးတော့ နာမည်ကြီးအဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျိုးကျယ်လွမ် Jay Chou ရဲ့ ကွန်ဖူးသုံးပြီး ဘတ်စကတ်ဘော ကစားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ပြီးတော့ တခြားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Twinkle Twinkle little star ထဲက ကျန်းလီ Eric Tsang က ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး စတီဗင်ချောင်ရဲ့ ဘော်ဒါကြီး အန်ကယ်တက်က ဧည့်သည်သရုပ်ဆောင် သဘောမျိုး ပါဝင်ထားပါတယ်။ စတီဗင်ချောင်ရဲ့ Shaolin Soccer ကို ကြိုက်တယ်ဆိုရင် ဒီဇာတ်ကားကိုလည်း ကြိုက်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ Rating ပိုင်းမှာ သိပ်မမြင့်ပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဆိုတာကိုတော့ ပြောလိုက်ပါရစေ။ ဒီတော့ ဘယ်လိုကွန်ဖူးတွေ သုံးပြီး ဘတ်စကတ်ဘောပွဲကို ယှဉ်ပြိုင်မလဲဆိုတာကိုတော့ ရွှေပန်းသီးပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါ။