
Kingdom လို့ ပြောတာနဲ့ နန်းတွင်းဝတ်စုံတွေနဲ့ ဖုတ်ကောင်တွေကို မျက်စိထဲပေါ်လာမှာ သေချာပါတယ်။ ဒီ Kingdom: Ashin of the North က ၂၀၂၁ မှာ ထွက်ထားတဲ့ Netflix Movie ဖြစ်ပြီးတော့ နာမည်ကြီးမင်းသမီး Jun Ji Hyun က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆွန်းနိုင်ငံတော်ရဲ့ တရားဝင်အသိအမှတ်မပြုထားတဲ့ ရွာဆက်မှာ ဆောင်းဂျောယာအင် လူမျိုးတွေ နေထိုင်ကြတယ်။ အဲ့ဒီလူမျိုးတွေဟာ နိမ့်ကျတဲ့မျိုးရိုးဆိုပြီးတော့ တခြား ဂျိုဆွန်းပြည်သူတွေရဲ့ အနှိမ်ခံလည်း ဖြစ်ခဲ့ရပါတယ်။ တစ်နေ့မှာ ယောဂျင်လူမျိုး ၁၅ ယောက်ဟာ ဖယ်ဆာဂွန်နယ်မြေမှာ ကျားကိုက်ပြီး အသတ်ခံလိုက်ရပါတယ်။ ဂျိုဆွန်းရဲ့ တပ်မှူးကြီးဟာ သေဆုံးမှုကို စုံစမ်းပြီး ကျားဖမ်းဖို့လုပ်ရင်း တပ်မှူးကြီးက ယောဂျင်လူမျိုးတွေ သေရတဲ့အကြောင်းရင်းက ကျားကြောင့်မဟုတ်ဘဲ ဂျိုဆွန်းအကြီးအကဲ တစ်ယောက်ရဲ့ လက်ချက်ဆိုတာ သိလိုက်ရပါတယ်။ ရွာဆက်က သူလျှို အာရှင်းရဲ့ အဖေကို ယောဂျင်လူမျိုးတွေဆီ လွှတ်ပြီး ကျားကြောင့် သေရတယ်လို့ သတင်းလွှင့်ခိုင်းပါတယ်။ ယောဂျင်လူမျိုးတွေဟာ ကျားကြောင့်မဟုတ်တာကို သိသွားပြီးတဲ့နောက် ရွာဆက်တစ်ရွာလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အမေနာမကျန်းဖြစ်ပြီး သေရမှာကို မကြည့်ရက်လို့ တောထဲမှာ ဆေးမြစ်သွားတူးတဲ့ အာရှင်းတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ မိသားစုလိုနေထိုင်ကြတဲ့ ရွာဆက်တစ်ရွာလုံး အသတ်ခံလိုက်ရတဲ့အတွက် အာရှင်းဟာ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။ အာရှင်းတစ်ယောက် ဘယ်လို လက်စားချေမှာလဲ? ဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရင်း ဖော်ထုတ်ကြရအောင်နော်….
ရိုတဲ့ကားေကာင်းလေးတွေဘဲများများတင်ပေးပါ true beauty နဲ့ the legend of the bluesea