
အရမ်းချမ်းသာတဲ့ အထက်တန်းလွှာ ရိုင်ချန်မိသားစု ဇနီးမောင်နှံမှာ ရာဟူး ဆိုတဲ့ မွေးစားသားအကြီး နဲ့ ရိုဟန် ဆိုတဲ့ သားအရင်းတို့ရှိကြတယ်။ သူတို့မိသားစုရဲ့ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးဟာ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ကြည်နူးအားစရာ အတိပါ။ သူဌေးကြီးဟာ သူ့သားကြီးကို သူ့ရဲ့အရိုက်အရာကို ဆက်ဆံဖို့ရည်ရွယ် ပျိုးထောင်ပြီး အရမ်းလည်းယုံကြည်အားကိုးသူပါ။ ဒါပေမယ့် သားကြီး ရာဟူးဟာ သူတို့ အသိုင်း အဝိုင်းနဲ့ဂုဏ်ရည်မတူတဲ့ သာမန်အလွှာက မိန်းကလေးတစ်ယောက်နဲ့ပတ်သက်မိတဲ့အချိန်မှာတော့…ခေါင်းအလွန်မာပြီး ရင်ထဲကခံစားချက် တွေကို မာနနဲ့ ထိန်းချုပ်ထားတဲ့ သူဌေးကြီး၊ သားကိုလည်း အရမ်းချစ်၊ ယောက်ျားကိုလည်း ကြည်ညိုအားကိုး၊ အချစ်ရဆုံး လူသား ၂ ဦးကြားမှာ အရူးမီးဝိုင်းနဲ့မျက်ရည်ကိုဘဲ အဖော်ပြုနေရတဲ့ သူဌေးကြီးရဲ့ ချစ်ဇနီး၊ သားတို့ရဲ့မိခင် ၊ ဒီအိမ်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို တစ်စွန်း တစ်စမှ မသိရှိဘဲ အဝေးမှာ နှစ်ရှည်လများ ကျောင်းသွားတက်နေတဲ့ သားငယ်လေး၊ အဖြစ်အပျက်တွေကို သိရှိပြီးတဲ့နောက်မှာတော့ ပြိုကွဲ နေတဲ့သူတို့မိသားစုကမ္ဘာလေးကို ပြန်လည်စိုပြေအောင် သူဘယ်လိုပေါင်းစည်းနိုင်မလဲဆိုတာ… ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ၁၅၀၀ ထက် ၅၂၈ မေတ္တာကို အသားပေးထားတဲ့ မေတ္တာဖွဲ့ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်ပြီး သမ္ဘာရင့်ဝါရင့် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ အမီတာဘာဂျန်း၊ ရှရွတ်ခမ်းနဲ့ လက်ဖဝါး မင်းသားတို့က ကြည့်ရှုသူပရိသတ်တွေ ဇာတ်ကားထဲမှာ စီးမျောသွားလောက်ကို ပီပီပြင်ပြင် သရုပ်ဆောင်ပြတာကို တွေ့ရမှာပါ။ ဂုဏ်မာနနဲ့ ချစ်ခြင်း မေတ္တာအကြား အားပြိုင်မှုတွေကြားမှာ ပရိသတ်တွေရဲ့ အချိန်တွေကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူးဖြစ်နေမှာပါ။ ဒီဇာတ်ကားလေး ကြည့်တော့မယ်ဆိုရင်တော့ ဘေးမှာတစ်ရှူးလေးဆောင်ထားဖို့တော့ သတိပေးပါရစေ