
Jurassic World Franchise မှာဆိုရင် Jurassic Park 3 အပြီးမှာ ဒိုင်နိုဆောတွေရဲ့တည်ရှိမှုကို လူတွေသိရှိသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ်အတွင်း အီစလာနျူဘလာကျွန်းပေါ်မှာ Jurassic World ဆိုတဲ့အမည်နဲ့ ဖျော်ဖြေရေးဥယျာဉ်ကြီးတစ်ခုပေါ်လာပါခဲ့တယ်။ အဲဒီလိုနဲ့ နောက်ပိုင်းကျတော့ ဒိုင်နိုဆောဆိုတာ လူတွေအပျော်တမ်းလာကြည့်စရာ တိရစ္ဆာန်ရုံကအကောင်တွေသာသာ ဖြစ်လာခဲ့တယ်ပေါ့။ ဂျရက်ဆစ်ကမ္ဘာအပေါ် လူစိတ်ဝင်စားမှုမြင့်တက်စေဖို့အတွက် မျိုးစပ်သတ္တဝါတွေကိုလည်း မျိုးရိုးဗီဇနည်းပညာပြုပြင်မှုတွေနဲ့ ဖန်တီးလာကြတယ်။ ဒီလိုနဲ့ ဆင့်ကာဆင့်ကာ ပြုပြင်ပြောင်းလဲလာရင်း အင်ဒေါမီးနပ်စ်ရက်စ်လို့ခေါ်တဲ့ ဒိုင်နိုဆောမျိုးစပ်တစ်ကောင်ကိုဖန်တီးပြီး ဥယျာဉ်မှာပြသဖို့ကြိုးစားနေတဲ့အချိန်မှာ မထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာပြီး ဒီသတ္တဝါကြီးမှာ မယုံနိုင်လောက်စရာ စွမ်းရည်တွေရှိနေကြောင်း သိရှိသွားကြတဲ့အချိန်မှာတော့ နောက်ကျသွားခဲ့ပြီဖြစ်ပြီး ဂျရက်ဆစ်ဥယျာဥ်ကြီးတစ်ခုလုံး ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အရင်ဇာတ်ကောင်တွေမပါတော့ဘဲ နောက်ဆုံးထွက်ရှိထားတဲ့ Jurassic World Dominion ရဲ့ အဓိကဇာတ်လိုက်ဖြစ်သူ အိုဝင်တို့လင်မယား စတင်ပါဝင်လာတာကို တွေ့ရမှာပါ။ ဒိုင်နိုဆောကားတို့ထုံးစံအတိုင်း ပြေးကြလွှားကြနဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေမြင်ရမှာမို့ ဇာတ်ကားလေးကြည့်ရင်း အတူတူစွန့်စားခန်းဖွင့်ကြရအောင်နော်။
Movies Name | Webpage | Telegram Link |
---|---|---|
Jurassic Park (1993) | Click Here | Click Here |
The Lost World: Jurassic Park (1997) | Click Here | Click Here |
Jurassic Park 3 (2001) | Click Here | Click Here |
Jurassic World (2015) | Click Here | Click Here |
Jurassic World: Fallen Kingdom (2018) | Click Here | Click Here |
Jurassic World Dominion (2022) | Click Here | Click Here |