
ဒီတစ်ခါမှာတော့ စွန့်စားခန်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် Jurassic ခေတ်ကြီးရဲ့ ဂန္တဝင်မြောက်အဆုံးသတ်လို့ ပြောရမဲ့ Jurassic World ဇာတ်ကားသုံးကားရဲ့ နောက်ဆုံးပိတ်ကား Jurassic World Dominion ဇာတ်ကားကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားဟာဆိုရင် (၂၀၁၈) ကထွက်ရှိထားတဲ့ Fallen Kingdom ရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ အိုင်စလာနက်ဘလာက မီးတောင်ပေါက်ကွဲမှုအပြီး လေးနှစ်အကြာမှာတော့ မျိုးသုဉ်းပျောက်ကွယ်မှုအန္တရာယ်က ပြန်လည်လွတ်မြောက်လာတဲ့ ဒိုင်နိုဆောတွေဟာ လူသားကမ္ဘာမှာ ပြန်လည်ကျက်စားလာကြပြီး သူတို့ရဲ့မူလနေရာဖြစ်တဲ့ အစာကွင်းဆက်ထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ လူတွေကတော့ သူတို့နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ကြိုးစားနေကြပြီး အီတလီရဲ့တောင်တန်းတွေပေါ်မှာ ဒိုင်နိုဆောဘေးမဲ့တောတစ်ခု ဖန်တီးထားရှိကာ သူတို့ရဲ့ဒီအင်န်အေတွေကိုလည်း လေ့လာဖို့ကြိုးစားနေကြပါတယ်။ အဲဒါအပြင် ဂျရက်ဆစ်ပါ့ခ်ကိုတည်ထောင်သူတစ်ဦးရဲ့သမီးဖြစ်တဲ့ ရှားလက်လော့ဝုဒ်နဲ့ မျိုးရိုးဗီဇတစ်ပုံစံတည်းတူတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တစ်ကမ္ဘာလုံးက လိုက်လံရှာဖွေနေကြပါတယ်။ ပြဿနာရဲ့အစအနေနဲ့ ဒီကောင်မလေးရုတ်တရက်ဆန်စွာ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ သူ့မွေးစားမိဘတွေအနေနဲ့ သမီးဖြစ်သူကို ဘယ်လိုလိုက်လံကယ်တင်မလဲ။ ဒီကောင်မလေးက ဒိုင်နိုဆောတွေနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ တစ်ဖက်မှာလည်း ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ဒေါက်တာအယ်လီနဲ့ အယ်လန်တို့ ဒီကိစ္စထဲ ဘယ်လိုပါဝင်ပတ်သက်လာမလဲဆိုတာကို ဇာတ်ကားလေးကြည့်ရင်းပဲ အဖြေရှာကြည့်လိုက်ကြပါဦးနော်…
Movies Name | Webpage | Telegram Link |
---|---|---|
Jurassic Park (1993) | Coming Soon… | Coming Soon… |
The Lost World: Jurassic Park (1997) | Coming Soon… | Coming Soon… |
Jurassic Park 3 (2001) | Coming Soon… | Coming Soon… |
Jurassic World (2015) | Coming Soon… | Coming Soon… |
Jurassic World: Fallen Kingdom (2018) | Coming Soon… | Coming Soon… |
Jurassic World Dominion (2022) | Click Here | Click Here |