
၂၀၁၉ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတဲ့ ဂျွန်ဝစ်ခ်ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ Chapter-2 မှာတုန်းက ဇာတ်လိုက်ကြီး ဂျွန်ဝစ်ခ်ဟာ ၎င်းတို့လောကရဲ့အကြီးမားဆုံးသော စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ဒေါ်လာ ၁၄ သန်းနဲ့ ဆုကြေးထုတ်ခံရတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခါမှာလည်း ဂျွန်ဝစ်ခ်ဟာ ၎င်းတို့ရဲ့အဖွဲ့ကနေ ထုတ်ပယ်ခြင်းခံရပြီး စီမံခန့်ခွဲအုပ်ချုပ်သူအဖွဲ့က သုတ်သင်ရှင်းလင်းခြင်း လက်ကနေ ကရောသောပါး ထွက်ပြေးရှောင်တိမ်းရတာပါ။ ဂျွန်ဝစ်ခ်ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်မလား ဘယ်သူ့လက်မှာ ကျရှုံးမှာလဲ အဖွဲ့ဝင်အဖြစ်ပဲ ပြန်လည်ရောက်ရှိနိုင်မလား ဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါနော်။ အများကြီးညွှန်းစရာ မလိုလောက် အောင် IMDb Rating ကလည်း 7.5/10 ရရှိထားပြီး ကြမ်းကြမ်းရမ်းရမ်း တိုက်ကွက် လှုပ်ရှားမှုတွေနဲ့ ဇာတ်ကား အစမှအဆုံး ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာမို့ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ပဲ ညွှန်းပါရစေ။
Movies Name | Telegram Link | Website Page Link |
---|---|---|
John Wick (2014) | Click Here | Click Here |
John Wick: Chapter 2 (2017) | Click Here | Click Here |
John Wick: Chapter 3 – Parabellum (2019) | Click Here | Click Here |