
ဒီတစ်ခါမှာတော့ IMDb rating နည်းနေပေမယ့် ကြည့်လို့ကောင်းပြီး အရမ်းကြမ်းတဲ့ slasher/horror ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ခရီးပါဆိုတာ လူတိုင်းက ဒဏ္ဍာရီဇာတ်လမ်းအဖြစ်ယုံကြည်ထားကြတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါ။ သူဟာ ၂၃ နှစ်ကိုတစ်ကြိမ် ပေါ်လာပြီး ၂၃ ရက်ကြာ လူအစုလိုက်အပြုံလိုက်သတ်လေ့ရှိတယ်လို့ လူတိုင်းသိထားကြတယ်ပေါ့။ ချေ့စ်နဲ့ လိန်းတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ချေ့စ်ဟာ ခရီးပါလိုမျိုး ဟောရာဇာတ်လမ်းတွေကို သဘောကျသူတစ်ယောက်ပါ။ သူ့လိုဟောရာပရိတ်သတ်တွေစုပြီးကျင်းပတဲ့ ပွဲတော်တစ်ခုကို သူတို့နှစ်ယောက်အတူသွားရင်း လမ်းမှာ လိန်းက ပုံမှန်မဟုတ်တဲ့ပုံရိပ်ယောင်တွေကို စပြီးမြင်လာတယ်။ ကံကောင်းတိုက်ဆိုင်မှုမဟုတ်တဲ့ လုပ်ကြံမှုကြောင့် အဲဒီပွဲတော်မှာ သူတို့နှစ်ယောက်သား ခရီးပါမဲဆိုတဲ့ မဲကိုပေါက်ပြီး ဘားနဘတ်ဆိုတဲ့ ဒဏ္ဍာရီလာခရီးပါအိမ်ကြီးထဲကို ဝင်ခွင့်ရလိုက်တဲ့အခါမှာတော့…။ သူတို့နှစ်ယောက်အပါအဝင် လူခြောက်ယောက် အဲဒီအိမ်ကြီးထဲဝင်သွားရင်း ဘယ်လိုခြောက်ခြားစရာတွေကြုံရမလဲ။ လိန်းမြင်နေရတဲ့ ပုံရိပ်ယောင်တွေကကော ဘာတွေလဲဆိုတာ ကြည့်ရှုကြရမှာပါ။ လူသတ်ခန်းတွေ သွေးသံရဲရဲတွေနဲ့ အရမ်းကြမ်းတာမလို့ နှလုံးရောဂါရှိသူများနဲ့ သွေးကြောက်တတ်သူများ မကြည့်ကြပါနဲ့ဗျ။
Movies Name | Website Page Link |
---|---|
Jeepers Creepers (2001) | Click Here |
Jeepers Creepers 2 (2003) | Click Here |
Jeepers Creepers 3 (2017) | Click Here |
Jeepers Creepers: Reborn (2022) | Click Here |