
ဒီဇာတ်လမ်းကတော့ Horror အမျိုးအစားဖြစ်ပြီး IMDb 6.3 ရရှိထားတဲ့ 2018 ထွက် Indonesia ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စီဂျက်တရာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ မီလာက သူရဲ့ဂျူတီချိန်ပြီးလို့ အိမ်ပြန်မယ့်အချိန်မှာပဲ ဆေးရုံကဆရာဝန်တစ်ယောက်ဟာ နယ်ဘက်မှာအရေးပေါ်လူနာတစ်ယောက်ကို ကြည့်ဖို့အတွက် တာဝန်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ တာဝန်အရ လူနာအိမ်ကို မီလာ ရောက်သွားတဲ့အချိန်မှာတော့ လူနာဟာသေဆုံးသွားပြီလို့ လူနာရဲ့သားဖြစ်သူ ရက်ဒစ်က ပြောလိုက်ပါတယ်။ အဲဒါနဲ့ပဲ မီလာလည်း သူ့အိမ်ကိုပြန်ဖို့လုပ်တဲ့အချိန်မှာ ရုတ်တရက် ကားစက်ရပ်သွားတာကြောင့် ရက်ဒစ်က လာပြီးပြင်ပေးခဲ့ပါတယ်။ ကားစက်နိုးသွားတဲ့အချိန်မှာ ရက်ဒစ်ဟာ မီလာကိုအကူအညီတစ်ခုတောင်းခဲ့ပါတယ်။မီလာလည်း ကူညီဖို့ လက်ခံပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ပဲ ရက်ဒစ်ရဲ့အကူအညီတောင်းတာက ဘာဖြစ်မလဲ။ မီလာကရော စိတ်ခြောက်ခြားစရာကောင်းတဲ့ ရက်ဒစ်ရဲ့အိမ်ကြီးထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ကို ဘယ်လိုမျိုးကြုံရမလဲ။ မီလာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ Jaga Pocong ဇာတ်ကားထဲမှာ ထိတ်လန့်ဖွယ်ကောင်းအောင် ကြည့်ရှုလိုက်ပါ