
ဒီတစ်ခါ ရွှေပန်းသီးပရိတ်သတ်တွေအတွက် တင်ပေးမယ့်ကားလေးကတော့ လျှို့ဝှက်သည်းဖိုဖြစ်ရမယ့်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားလေးမှာတော့ သရုပ်ဆောင်ထူးချွန်ဆုတွေရရှိထားတဲ့ Denzel Washigton က စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်ဖြစ်ပါတယ် တစ်နေ့တော့ နယူးယောက်မြို့မှာရှိတဲ့ Manhattan Trust Bank ကို လူလေးယောက်လောက်က အနုကြမ်းစီးတဲ့ဖြစ်ရပ်မျိုးဖြစ်လာခဲ့ပါတယ် အနုကြမ်းစီးတဲ့အချိန်မှာလည်း ဘဏ်ထဲမှာရှိတဲ့ ဘဏ်ဝန်ထမ်းတွေနဲ့ဘဏ်ကိုလာတဲ့ ဧည့်သည်တွေကို ဓားစာခံအဖြစ်နဲ့ဖမ်းဆီးထားပါတယ် အဲ့အချိန်မှာ Danzel Washigton နဲ့ နယူးယောက် မြို့ရဲတပ်ဖွဲ့တွေက အခင်းဖြစ်ပွားတဲ့နေရာကိုသွားပြီး ဓားစာခံတွေကို ကယ်ဖို့ကြိုးစားပါတော့တယ် အဲ့လိုကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ကိစ္စတွေ ဘယ်လိုဖြစ်လာမလဲ၊ ဒီဘဏ်ကြီးရဲ့ သမိုင်းကြောင်းက ဘာတွေလဲ၊ အနုကြမ်းစီးတဲ့သူတွေကကော ဘယ်လိုနည်းလမ်းမျိုးတွေသုံးသွားမလဲဆိုတာကတော့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါနော်။ ဇာတ်လမ်းလေးထဲမှာ တခြားထင်ခြားနာမည်ကြီးတဲ့ မင်းသားမင်းသမီးတွေလည်း ပါဝင်တာဆိုတော့ ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားလေးတစ်ကား ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်