
ဒီဇာတ်ကားက 2018 တုန်းက ထွက်ရှိထားပြီး IMDb rating 8.1 အထိရရှိထားပါတယ်။
အညွှန်း~
မထင်မှတ်ဘဲ ဆေးရုံတစ်ရုံမှာ မိန်းကလေးတစ်ယောက်ရဲ့ဒိုင်ယာရီစာအုပ်ကို ကောက်ရသွားပြီး ဖွင့်ဖတ်မိသွားတဲ့မင်းသားတစ်ယောက်ရဲ့ ဘဝထဲ ကို ရုတ်တရက်ဆိုသလို ဆာခူရာဆိုတဲ့မိန်းကလေးက နေရာယူဝင်ရောက်လာခဲ့ပါတယ်။ ဆာခူရာက အမြဲတမ်းတက်ကြွ၊သွက်လက်နေတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဆာခူရာဟာ မကြာခင်သေရတော့မယ့်မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူ မသေခင်မှာ လုပ်သွားချင်တဲ့အရာတွေကို သူ့ရဲ့မိသားစုလည်းမဟုတ်၊ သူငယ်ချင်းလည်းမဟုတ်၊ ရည်းစားလည်းမဟုတ်တဲ့ သူစိမ်းတစ်ယောက် နဲ့အတူလုပ်ရင်း သူ့ရဲ့လက်ကျန်သက်တမ်းလေးကို ဖြတ်သန်းသွားချင်နေတာပါ။ အဲဒီအချိန်မှာ အနေအေးတဲ့မင်းသားနဲ့ အမှတ်မထင်တွေ့ဆုံပြီး နောက်မှာတော့ သူဖြစ်ချင်သလို ဖြစ်ခွင့်ရပါ့မလား၊ ပျော်ပျော်နေတတ်တဲ့ဆာခူရာနဲ့ အနေအေးတည်ကြည်တဲ့မင်းသားတို့ရဲ့ဆက်ဆံရေးကရော တိုးတက်မှုရှိပါ့မလား၊ သေရတော့မယ့်မိန်းကလေးမှန်းသိသိကြီးနဲ့သူ့ကိုပတ်သက်ဖို့ရော မင်းသားဘက်ကဆန္ဒရှိပါ့မလားဆိုတာကို ကဗျာ ဆန်ဆန်ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။