
I Still Believe (မြန်မာစာတန်းထိုး)
2020 ‧ Romance/Drama ,Running time = 1h 57m
Translate & Script = Essential
Editor = Kit Lay
Encoded by Thi Ha Thu
xxxxxxxxxxxxxxxxxxxx
အချစ်ဆိုတာ တကယ်ရှိရဲ့လား….. ဒီမေးခွန်းလေးရဲ့ အဖြေကို ရှာဖို့ ညွှန်းပေးချင်တဲ့ ဇာတ်လမ်းလေးရှိပါတယ်။ ၂၀၂၀ မတ်လ ၇ရက်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ အမေရိကန် အချစ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ တေးရေး/တေးဆို Jeremy Campနဲ့ သူ့ရဲ့ ပထမဇနီး Melissa Lynn Henningတို့ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေးကို ကျောရိုးထိုးပြီဂ ဒါရိုက်တာ Erwin Brothers က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် KJ Apa, Britt Robertson, Shania Twain, Melissa Roxburg နဲ့ Gary Sinise တို့က အားဖြည့် သရုပ်ဖော်ပေးထားကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ တက္ကသိုလ် ကျောင်းသားဘဝမှာ ဖြစ်ပျက်တဲ့ အဖြစ်ပျက်လေးဖြစ်သလို တေးရေး/တေးဆိုတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်တဲ့အတွက် သီချင်းကောင်းကောင်းလေးတွေကိုလည်း နားဆင်နိုင်ပါတယ်။ တက္ကသိုလ်ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းသူကောင်မလေး တစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့အချိန်မှာ မျှော်လင့်မထားခဲ့တဲ့ အရာတစ်ခု ဖြစ်ပေါ်လာခဲ့တာကတော့ သားအိမ်ကင်ဆာရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်တွေကို သက်ဝင်ယုံကြည်မှုတစ်ခုတည်းနဲ့ ရင်ဆိုင်လိုက်တဲ့ အချိန်မှာတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုတောင် ထပ်ပြီး ကြုံတွေ့ကြရပြန်ပါတယ်….. ဒီလိုနဲ့ ကောင်းခြင်း ဆိုးခြင်းကြားက သူတို့ရဲ့ အချစ်ရေးဟာ ဘာတွေ ဆက်ဖြစ်မှာလဲ….. လူတစ်ယောက်အတွက် အင်အားဖြစ်ပေးနေရတဲ့ ခံစားချက်ဆိုတာ ဘာလဲ… စကားလုံးတွေက ပေးတဲ့ ခွန်အားတွေ ၊ သက်ဝင်ယုံကြည်မှုရဲ့ စွမ်းအားတွေကို တစ်ပေါင်းတစ်စည်းတည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါ တယ်။ ဝမ်းနည်းဓာတ်ခံရှိတဲ့သူတွေအနေနဲ့ လက်ကိုင်ပုဝါလေး ဆောင်ထားဖို့လဲ မှာချင်ပါတယ်။