
ဒီဇာတ်ကားလေးကတော့ rating 7.1 ရရှိထားတဲ့ စိတ်ကူးယဥ်သိပ္ပံ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စုံထောက်စပွန်း အဖြစ် မင်းသားကြီး Will Smith နဲ့ အခြားသော သရုပ်ဆောင်ကောင်းများစွာပါဝင်ပါတယ်။ 2035 ခုနှစ်မှာ စုံထောက်စပွန်းက စက်ရုပ်စိတ်ပညာ ကျွမ်းကျင်ပညာရှင် တစ်ဦးရဲ့အကူအညီနဲ့ ဒေါက်တာလန်းနင်း ကိုယ့်ကိုကိုယ် သတ်သေတဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ဒေါက်တာလန်းနင်းက U.S.R ရဲ့အရေးပါသူတစ်ဦးဖြစ်ပြီး စက်ရုပ်ဥပဒေတွေကိုလည်း ရေးသားခဲ့ပါတယ်။ စုံထောက်စပွန်းက လန်းနင်းရဲ့ သဲလွန်စတွေ နောက်လိုက်ရင်း စက်ရုပ်တော်လှန်ရေးကြီး ဖြစ်ပွားတော့မှာကို သိရှိခဲ့ပါတယ်။ ဒီကိစ္စတွေရဲ့နောက်မှာ ဘယ်သူရှိ နေမလဲ? လန်းနင်းကရော ကိုယ့်ကိုကိုယ် ဘာလို့သတ်သေခဲ့တာလဲ? ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်