
၂၀၂၁ မှာ ပူပူနွေးနွေးထွက်ထားတဲ့ဂျပန်ရိုမန့်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ကျတဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင် ထိထိမိမိနဲ့ သရုပ်ဆောင် နိုင်တဲ့မင်းသား Masaki Suda နဲ့ ချစ်စရာကောင်းလွန်းတဲ့အသွင်အပြင်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော Kasumi Arimura တို့က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာဖြစ်လို့ ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ။
အညွှန်း~
တိုက်ဆိုင်မှုတစ်ခုကြောင့် မထင်မှတ်ဘဲ ရင်းနှီးခဲ့ကြတဲ့မုဂိနဲ့ ခိနုတို့ဟာ ရွယ်တူဖြစ်နေကြတဲ့အပြင် ဝါသနာနဲ့အကြိုက်တွေပါ တူညီခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နှစ်ယောက်သားတွဲဖြစ်ခဲ့ကြပြီး လက်မထပ်ဘဲ လေးနှစ်လောက် တစ်အိမ်တည်းအတူနေခဲ့ကြပါတယ်။ အစပထမကတော့ ညားခါစ လင်မယားတွေလိုပဲ ကြည်ကြည်နူးနူး သာသာယာယာရှိခဲ့ကြပြီးနောက်မှာတော့ တဖြည်းဖြည်းနဲ့ အတူနေပါများလာတော့ ငွေကြေးပြဿနာ တွေ ရှိလာတာကတစ်ကြောင်း၊ အလုပ်အကိုင်အဆင်မပြေတာကတစ်ကြောင်းနဲ့ တစ်ယောက်ကိုတစ်ယောက်မကြိုက်တဲ့အချက်တွေ တွေ့လာ ကြရင်း လက်မထပ်ရသေးတဲ့သူတို့နှစ်ယောက်က ဘယ်လိုတွေ ဆက်ဖြစ်သွားကြမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ IMDb Rating 7.2 အထိရရှိထားတဲ့အတွက် လူငယ်တွေကြားထဲ အသိတစ်ခုကို ရရှိစေမှာတော့ အမှန်ပါပဲနော်။