
အခုတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ နာမည်ကြီးကာတွန်းကားလေး Hotel Transylvania 1 ပဲဖြစ်ပါတယ် ဒီကားမှာတော့ သွေးစုတ်ဖုတ်ကောင်မလေးမေးဗစ်စ်နဲ့ လူသားဂျောနသန်တို့ ဘယ်လိုစတင်တွေ့ဆုံပြီးချစ်ကျွမ်းဝင်ခဲ့လဲဆိုတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ ဒရက်ခ်ဟာ သူ့နဲ့ဇနီးမာသာသေဆုံးပြီးတဲ့နောက် သမီးလေးမေးဗစ်စ်ကိုလူသားတွေရဲ့ရန်ကကာကွယ်ပေးဖို့ တောအုပ်ကြီး ထဲမှာ Transylvaniaဟိုတယ်ကြီးကိုဆောက်ပြီးအတူနေခဲ့တာပါ မေးဗစ်စ်ရဲ့ ၁၁၈ နှစ်ပြည့်မွေးနေ့မတိုင်ခင်တစ်ရက်မှာတော့ မွန်းစတားတွေသာ ဝင်လို့ရတဲ့ ဟိုတယ်ထဲကို လူသားဂျောနသန်ဝင်လာတာကို ဒရက်ခ်တွေ့လိုက်ရပါတော့တယ် တခြားမွန်းစတားတွေနဲ့ မေးဗစ်စ်သိသွားမှာ ဆိုးတဲ့အတွက် ဂျောနသန်ကို ဂျော်နီဆိုတဲ့ မွန်းစတားအနေနဲ့ဟန်ဆောင်ခိုင်းလိုက်ပါတယ် ဂျောနသန်ကိုဟိုတယ်ကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပဲ ဂျောနသန်နဲ့ မေးဗစ်စ်တို့တွေ့သွားကြပြီး မေးဗစ်စ်ကဂျောနသန်ကိုလူသားမှန်းမသိပဲ သဘောကျသွားပါတော့တယ် မေးဗစ်စ်နဲ့ ဂျောနသန်တို့နှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ်မလဲ? သမီးလေးကိုအရမ်းချစ်တဲ့ ဒရက်ခ်ကရော မေးဗစ်စ်တို့ နှစ်ယောက်ကို လက်ခံပေးနိုင်ပါ့မလား? ဂျော်နသန်တစ်ယောက်ကရော ဟိုတယ်ထဲမှာဘယ်လိုတွေမွှေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှု ခံစား လိုက်ပါ IMDb rating 7.1/10 ထိရရှိထားပြီး ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတဲ့ ကားတွန်းကားကောင်းလေးဖြစ်တဲ့အတွက် မလွတ်တမ်းကြည့်ရှုလိုက်ပါ
Movies Name | Website Page Link |
---|---|
Hotel Transylvania (2012) | Click Here |
Hotel Transylvania 2 (2015) | Click Here |
Hotel Transylvania 3 Summer Vacation (2018) | Click Here |
Monster Pets A Hotel Transylvania Short Film (2021) | Click Here |
Hotel Transylvania Transformania (2022) | Click Here |